အိန္ဒိယတွင် မိုင်းတွင်းပြိုကျပြီး ငါးဦးသေဆုံး၊ ၂၃ ဦး ပိတ်မိနေ

အိန္ဒိယတွင် မိုင်းတွင်းပြိုကျပြီး ငါးဦးသေဆုံး၊ ၂၃ ဦး ပိတ်မိနေ

ဒီဇင်ဘာ ၃၀ ။          ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဒီဇင်ဘာ ၃၀ ရက်က ကျောက်မီးသွေးမိုင်းတွင်းတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ငါးဦးသေဆုံးခဲ့ပြီး အခြား ၂၃ ဦးလည်း ပိတ်မိနေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ မိုင်းတွင်း ပြိုကျမှုကြောင့် ယခုအချိန်ထိ မိုင်းလုပ်သား ၂၃ ဦးနှင့်အတူ လုပ်ငန်းခွင်သုံးယာဉ်များ ဖုံးလွှမ်းခံလိုက်ရပြီး ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရန် ကယ်ဆယ်ရေးလုပ်သားများ အပြေးအလွှားရောက်ရှိလုပ်ဆောင်နေလျက်ရှိကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။

 ယခု ဖြစ်စဉ်ဖြစ်ပွားသော မိုင်းတွင်းမှာ နိုင်ငံအရှေ့ပိုင်း Jharkhand ပြည်နယ် Godda ဒေသတွင် ရှိကြောင်းလည်း သိရသည်။

" လောလောဆယ် ငါးဦးရဲ့ အလောင်းကို ပြန်တွေ့ထားပြီးပါပြီ၊ ၂၃ ယောက် ပိတ်မိနေတယ်လို့ သိရပါတယ်" ဟု Godda ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ Harilal Chauhan က ပြောသည်။

၎င်း၏ အဆိုအရ ယခုဖြစ်စဉ်တွင်ပိတ်မိနေသူများမှာ ၂၃ ဦးထက်မက များပြားနိုင်ကြောင်းနှင့် အတိအကျမသိရသေးဟု သိရသည်။ အတည်မပြုနိုင်သော ပြည်တွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ပိတ်မိနေသူဦးရေ ၅၀ ထိ ရှိနိုင်သည်ဟုဆိုလည်း ဆိုသည်။

ယခုအခါ အာဏာပိုင်များက အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အားချင်းလုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly