သစ်တောထင်းရှားပါးခြင်းကြောင့် အုတ်ဖုတ်လုပ်ငန်းများတွင် ရာဘာပင်များကို ထင်းအစားထိုးအဖြစ် ပိုမိုအသုံး ပြုလာ

သစ်တောထင်းရှားပါးခြင်းကြောင့် အုတ်ဖုတ်လုပ်ငန်းများတွင် ရာဘာပင်များကို ထင်းအစားထိုးအဖြစ် ပိုမိုအသုံး ပြုလာ
အုတ်ဖုတ်လုပ်ငန်းသုံးရန် ရာဘာထင်းများချနေစဉ်။ ဓာတ်ပုံ- ဇော်နီ

မော်လမြိုင်၊ ဒီဇင်ဘာ ၃၀ ။            ။ သစ်တောထင်းရှားပါးလာ၍ အုတ်ဖုတ်လုပ်ငန်းများတွင် ရာဘာပင်များကို အစားထိုးကာ ပိုမိုအသုံးပြုနေရကြောင်း မွန် ပြည်နယ်၊ ကျိုက်မရောမြို့ ရှိ အုတ်ဖုတ်လုပ်ငန်းရှင် ဦးသန်းအေးက ပြောသည်။

ယခင်က သစ်တောထွက် ထင်းမျိုးစုံကိုသာသုံးစွဲခဲ့ပြီး ယခုအစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် ရာဘာပင်များကို သာ ထင်းအဖြစ်အသုံးပြုခွင့်ပေးသည့်အတွက် ယခုကဲ့သို့ ပိုမိုအသုံးပြုလာရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဟိုတုန်းက တောထင်း သီးသန့်သုံးကြတယ်။ ကြာလာတော့ တောထင်းတွေက ရှားပါးလာတယ်။ အစိုးရက လုံးဝပိတ် လိုက်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မြို့နယ်တွင် အုတ်ဖုတ်လုပ်ငန်း(၂၃)ခု ကျော်ရှိပြီး၊ အုတ်လုံးရေ (၁) သိန်းရရှိရန်အတွက် ရာဘာ ပင်ကို (၆) ဘီး ယာဉ် (၅)စီးစာ အသုံးပြုရကြောင်း သိရသည်။

သဘာဝ သစ်တောများနေရာတွင် ရာဘာစိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းများကြောင့်လည်း ရာသီဥတု ပြောင်းလဲမှုများ သိသိ သာသာ ခံစားနေရသည့်အပြင် ရေရှားပါးမှုလည်း တစ်နှစ်ထက် တစ်နှစ်ပိုမို ရင်ဆိုင်လာရသည်ဟု ဒေသခံများက ဆို သည်။

“ သဘာဝအပင်တွေက ဒီလိုခုတ်လိုက်တယ်ဆိုတော့ အခုဆို ကျွန်မတို့အတွက် အများကြီးအခက်အခဲ ဖြစ်တာပေါ့။ ရေရှားပါးတဲ့ဒဏ်ကိုလည်း ခံရတယ်။ ဆယ်နှစ် အတွင်းမှာ ရေရှားတာ သိသိသာသာကြီီး ကြံုနေ ရတယ်” ဟု ကျိုက်မ ရောမြို့နယ် ပိန္နဲကုန်းရွာသူတစ်ဦးက ပြောသည်။

၎င်းဒေသတွင်းရှိ ကျေးရွာများတွင် ထင်းရှားပါးမှုများနှင့် ရင်ဆိုင်လျက်ရလျက်ရှိပြီး တစ်နိုင်တစ်ပိုင် မီးဖိုချောင်သုံး အ တွက် ပိုမိုဝေးလံသည့်နေရာများတွင် သွားရောက်ရှာဖွေရသည်ဟု ဒေသခံ တစ်ဦးကဆိုုသည်။

ယခုအခါ ကျေးရွာတစ်ရွာတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းသည့်အနေဖြင့် နှစ်စဉ် သစ်မာတစ်ဧက ပြန်လည် စိုက် ပျိုးစေကြောင်း၊ ရာဘာစိုက်ပျိုးလုပ်ကိုင်သူများကိုလည်း တစ်ဧက သစ်မာပင် (၄၀) စိုက်ရန် စီမံချက်များရေးဆွဲ၍ စိုက် ပျိုးလျက်ရှိသည်ဟု သစ်တောဦးစီး ဌာနမှသိရသည်။

မြို့နယ်အတွင်းတွင် သစ်တောကြိုးဝိုင်း (၁၀၉၈ ဒဿမ ၅) ဧက ၊ ခွင့်ပြု ရာဘာပင် (၆၂၈ ဒဿမ ၁) ဧက ၊မြေလွတ်/ ရိုင်း (၁၀၇ ဒဿမ ၃၆) ဧက၊ အခြားမြေ (၁၉၃ ဒဿမ ၃၄) ဧက၊ ရေဝေ/လဲ စိုက်ခင်း (၁၆၉ ဒဿမ ရ) ဧက ရှိကြောင်း သစ်တောဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly