မုန်ညင်းပင် စိုက်ပျိုး ဝင်ငွေတမျိုးတိုး

30 December 2016
မုန်ညင်းပင် စိုက်ပျိုး ဝင်ငွေတမျိုးတိုး

မင်္ဂလာပါခင်ဗျာ။ စိုက်ပျိုးပျော်ရွှင် သိစေချင်အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာတော့ မုန်ညင်းရွက် စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။ မုန်ညင်းရွက်ကတော့ အဟာရဓာတ် ပြည့်ဝတဲ့ အသီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ အအေးကြိုက် သီးနှံ့ပင်ဖြစ်ပြီးတော့ နှစ်ချင်းစားသုံးနိုင်တဲ့ အပင်လည်းဖြစ်ပါတယ်။ အရွက်ကိုသာ စားသုံးရပြီးတော့ အပင်အမြင့်ကတော့ တစ်ပေခန့်နှင့် အပင်ရဲ့အကျယ်ကတော့ တစ်ပေခွဲခန့်ရှိပါတယ်။ မုန်ညင်းရွက်ကိုတော့ အတို့အမြှုပ်အဖြစ် စားသုံးခြင်း ဟင်းချိုအဖြစ် စားသုံးခြင်း ဟင်းရွက်ကြော်အဖြစ် စားသုံးခြင်းတို့ဖြင့် စားသုံးနိုင်ပါတယ်။ တရုတ်ဟင်းလျာများမှာဆိုရင်တော့ မုန်ညင်းရွက်ကို အများဆုံး အသုံးပြုပါတယ်။ မုန်ညင်းဖြူကိုတော့ ချဉ်ဖတ််အဖြစ် စားသုံးကြတာာဖြစ်ပါတယ်။

မုန်ညင်းမှာ မုန်ညင်းဖြူနဲ့ မုန်ညင်းစိမ်းဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ နှစ်မျိုးစလုံးကတော့ အရွက်ကိုပဲ စားသုံးရတာပါ။ မုန်ညင်းကို စိုက်ပျိုးမယ်ဆိုရင်တော ့အပူချိန် ၅၉ ဒီဂရီဖာရင်ဟိုက်နဲ့ ရ၇ ဒီဂရီဖာရင်ဟိုက်အတွင်းမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ပျိုးထောင်၍ဖြစ်စေ၊ အစေ့ကို တိုက်ရိုက်ချ၍ဖြစ်စေ စိုက်ပျိုးနိုင်ပါတယ်။

ပျိုးပင်များကို စိုက်ပျိုးမယ်ဆိုရင်တော့ အရွက်သေးမျိုးအတွက် တစ်ပင်နဲ့တစ်ပင်ကို ၆ လက်မခြားပြီးတော့ စိုက်ပျိုးပေးရမှာဖြစ်ပြီးတော့ အရွက်ကြီးမျိုးအတွက်တော့ တစ်ပေခန့် ခွာပြီးတော့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

 ဘောင်များကိုတော့ ၃ ပေ ၄ ပေ အကျယ်ထားပြီးတော့ တစ်ဘောင်နဲ့တစ်ဘောင်ကို ၂ ပေခန့် ခွာပြီး စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ ပျိုးပင်ငယ်များကိုတော့ စိုက်ပျိုးပြီးရင်တော့ ရေလောင်းပေးရမှာပါ။ အစေ့ကနေ အညှောက်ပေါက်ရန်အတွက်ကတော့ ၅ ရက်နေ ၆ ရက်အတွင်းထိ ကြာပြီးတော့ အရွက် ၄ ရွက် ၅ ရွက် ထွက်လာရင်တော့ ပြောင်းရွေ့ပြီး စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးတဲ့အချိန်မှာတော့ မြေဆီလွှာဟာ အစိုဓာတ် အလုံအလောက် ရရှိဖို့လိုပါတယ်။ မျိုးစေ့တွေကို တိုက်ရိုက်ချ စိုက်ပျိုးမယ်ဆိုရင်တော့ တစ်တန်းနဲ့တစ်တန်းကို တစ်ပေ တစ်ပေခွဲခန့် ခွာပြီးတော့ စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ အပင်ငယ်စဉ်အခါမှာတော့ ပေါင်းမြက်များကို ပြောင်စင်အောင် ရှင်းလင်းပေးရမှာဖြစ်ပြီးတော့ အမြဲတမ်း အစိုဓာတ် ရှိစေရန်အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင် ရေပေးရန်နဲ့ အစိုဓာတ် ရရှိရန်အတွက် ကောက်ရိုးနဲ့ မြေကြီးကို ဖုံးအုပ်ထားပေးရမှာပါ။

ရေဝပ််တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်ကြောင့် ဘောင်တန်းများနဲ့ စိုက်ပျိုးပေးရမှာလည်း ဖြစ်ပါတယ်။ စိုက်ပျိုးပြီးတော့ ရက်ပေါင်း ၂၅ ရက်ကနေပြီးတော့ ၃၀ ရက်ကြာရင်တော့ ခူးယူစားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။ အရွက်ချောမျိုးကတော့ ပန်းပွင့်တဲ့အတွက် ပန်းပွင့်တဲ့အထိတော့ အပင်ကို နှုတ်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် အစေ့တည်ပြီး အစေ့တောင်များ ဖြစ်ပေါ်သည်အထိ ထားမယ်ဆိုရင်တော့ အရွက်များ ကြမ်းလာမှာပဲ ဖြစ်ပါတယ်။

မြေသြဇာကိုတော့ ပျိုးပင်များ ပြန်လည်လန်းဆန်းလာတဲ့အခါမှာ တစ်ကြိမ် ရွက်သစ်များ ဝေဆာလာတဲ့အချိန်မှာ တစ်ကြိမ် ဝေဝေဆာဆာ ထွားထွားကြိုင်းကြိုင်း ဖြစ်လာတဲ့အချိန်မှာ တစ်ကြိမ် မြေသြဇာတွေကို ထည့်ပေးရမှာဖြစ်ပါတယ်။ မုန်ညင်းမှာ အဓိက ကျရောက်တတ်တဲ့ ရောဂါပိုးတွေကတော့ ပိုးတုံးလုံး၊ ပြပိုး ၊ရောင်စုံဂျပိုးနဲ့ မုုန်ညင်းရွက်လိတ်ပိုးတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly