မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်း ၎င်း၏ လက်ထက်တွင် လူပေါင်း ၃၄၀ ကျော်ကို ရာထူးတာဝန်များမှ ဖြုတ်ထုတ်ထားခဲ့ဟု ဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်း ၎င်း၏ လက်ထက်တွင် လူပေါင်း ၃၄၀ ကျော်ကို ရာထူးတာဝန်များမှ ဖြုတ်ထုတ်ထားခဲ့ဟု ဆို

ဒီဇင်ဘာ ၃၀ ။                ။ မြောက်ကိုရီးယားတွင် ခေါင်းဆောင် ကင်ဂျံုအန်း စတင်အာဏာရလာခဲ့သည့်မှာ ငါးနှစ်ကြာမြင့်လာခဲ့သည့်အလျောက် နိုင်ငံတွင် မူလရာထူးတာဝန်များမှ ထုတ်ပယ်ခံခဲ့ရသူ ဦးရေမှာ ၃၄၀ ထိ ရှိထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကွန်မြူနစ်နိုင်ငံကို ၂၀၁၁ ခုနှစ်က စတင်အာဏာရယူနိုင်ခဲ့သည့် ခေါင်းဆောင် ကင်ဂျံုအန်းမှာ ၎င်း၏ အာဏာကို စုစည်းတည်မြဲရေးအတွက် လူပေါင်း ၃၄၀ ခန့်ကို ၎င်းတို့၏ မူလတာဝန်များမှ ထုတ်နှုတ်   ဖြုတ်ပယ်မှုများ ပြုလုပ်ထားခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အလားတူ မြောက်ကိုရီးယားသည် ၂၀၁၅ ခုနှစ်က ယင်း၏ ကာကွယ်ရေးဌာနအကြီးအကဲ Hyon Yong-chol အား ကွပ်မျက်ခဲ့ပြီးနောက် အခြားသော အဆင့်မြင့်အရာရှိ ၁၄၀ ခန့်ကိုပါ ဆက်လက် ကွပ်မျက်ထားခဲ့ကြောင်းလည်း သတင်းများအရ သိရသည်။

လက်ရှိအချိန်တွင် ယင်းနိုင်ငံအနေဖြင့် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများအပေါ်တွင်သာ အထူးအလေးထားလုပ်ဆောင်နေပြီး ပြည်သူများအပေါ် ဖိနှိပ်အုပ်ချုပ်နေမှုများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာရှင်ကင်ဂျံုအန်းအစိုးရအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်မှုများလည်း ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly