မန်စီးတီးနှင့်ပွဲကို လီဗာပူးလ်ကွင်းလယ်လူ ကော်တင်ဟို လွဲချော်မည်

မန်စီးတီးနှင့်ပွဲကို လီဗာပူးလ်ကွင်းလယ်လူ ကော်တင်ဟို လွဲချော်မည်

ဒီဇင်ဘာ ၃၀၊ လီဗာပူးလ်။            ။ လီဗာပူးလ်ကွင်းလယ်ကစားသမားကော်တင်ဟို၏ခြေကျင်းဝတ်ဒဏ်ရာမှာ နှစ်သစ်ကူးညနေခင်း မန်စီးတီးနှင့်ပွဲမတိုင်မီ  သက်သာမည်မဟုတ်ဟု နည်းပြကလော့ပ်က အတည်ပြုသည်။

အသက် ၂၄ နှစ်အရွယ် ဘရာဇီးကွင်းလယ်ကစားကွက်ဖန်တီးရှင်သည် နိုဝင်ဘာတွင်ဆန်းဒါးလန်းကိုအနိုင်ရသည့်ပွဲ၌ ခြောက်ပွဲ နားရမည့် ခြေကျင်းဝတ်ဒဏ်ရာရခဲ့သည်။

“စီးတီးနဲ့ပွဲရော တနင်္လာနေ့မှာကစားရမယ့် ဆန်းဒါးလန်းနဲ့ပွဲရော သူ့အတွက် သိပ်စောလွန်းနေတယ်”ဟု ကလော့ပ်က ပြောသည်။

နောက်ခံလူ ဂျိုရယ်မက်တစ်သည်လည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်စီးတီးပွဲကိုလွဲမည်ဟု လီဗာပူးလ်နည်းပြကလော့ပ်က အတည်ပြုသည်။

ဖလားပြိုင်ဘက်နှစ်သင်းသည် စနေနေ့တွင် အန်ဖီးလ်ကွင်း၌ရင်ဆိုင်ကြရမည်ဖြစ်ပြီး အမှတ်ပေးဇယားဒုတိယနေရာမှ လီဗာပူးလ်က မန်စီးတီးထက် တစ်မှတ်အသာရထားသည်။

“ကျွန်တော်တို့အကောင်းဆုံးအားထုတ်ကစားရတာကိုသဘောကျပြီး သူတို့ကလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။

နှစ်သင်းစလုံးအတွက် ပွဲကြီးပွဲကောင်းပါ။ အဆင့် ၁ ကနေ ၄ နေရာအတွက် အသင်းခြောက်သင်းလောက် ပြိုင်ဆိုင်နေကြတယ်။ ပွဲတိုင်းက ဗိုလ်လုပွဲလိုပဲ။ တကယ်လို့ကျွန်တော်သာ ပရိသတ်တစ်ယောက်ဆိုရင်တော့ ပွဲကြည့်လက်မှတ်ဝယ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာတယ်”ဟု ကလော့ပ်က ဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly