ပြင်းထန်သော ဝေဖန်ခြင်းများနှင့်အတူ ရုံဝင်ငွေလည်း နည်းပါးမှုကြံုတွေ့နေရသည့် Passengers ဇာတ်ကား

ပြင်းထန်သော ဝေဖန်ခြင်းများနှင့်အတူ ရုံဝင်ငွေလည်း နည်းပါးမှုကြံုတွေ့နေရသည့် Passengers ဇာတ်ကား

ရုပ်ရှင်ဇာတ်ကားသစ် Passengers ဟာ ဟောလိ၀ုဒ်ထိပ်သီးသရုပ်ဆောင်များဖြစ်ကြတဲ့ Chris Pratt နှင့် Jennifer Lawrence တို့ ပါ၀င်သရုပ်ဆောင်ထားသော်လည်း အမေရိကန် Box Office မှာ ရုံဝင်ငွေနည်းပါးနေသောကြောင့် ထိပ်ဆုံးနေရာသို့ ရောက်ရှိဖို့ မစွမ်းသာပဲ ဖြစ်နေရသည့်အပြင် ပြင်းထန်သော ဝေဖန်မှုများကိုလည်း ကြံုတွေ့နေရပါသည်။

The Holloywood Reporter ၏အဆိုအရ ဒီစိတ်ကူးယဉ်သိပ္ပံဇာတ်ကားဟာ ခရစ္စမတ်အကြိုကာလတုန်းက စတင်ပြသခဲ့ပေမယ့် ရုပ်ရှင်ဝေဖန်ရေးဆရာများရဲ့ အနှုတ်လက္ခဏာဆောင်သော မှတ်ချက်များကိုသာ ရရှိခဲ့ပြီး ရုံဝင်ငွေဟာဆိုရင်လည်း ဒေါ်လာ ၂၂.၉သန်းသာ ရရှိထားပါသည်။

ဒီစိတ်ကူးယဉ်သိပ္ပံဇာတ်ကားမှာ Lawrence နဲ့ Pratt တို့ဟာအာကာသခရီးသွားသူတွေဖြစ်ကြပြီး အခြားဂြိုလ် တစ်ခုကိုရောက်ရှိဖို့ နှစ်၁၂၀လောက် ရှည်ကြာမည့်ခရီးတစ်ခုကို ထွက်လာကြတဲ့ သူတွေအဖြစ် သရုပ်ဆောင်ထား ကြပါသည်။ အဆိုပါအာကာသယာဉ်ပေါ်ရှိလူများအားလုံးကို နှစ်အကြာကြီးအိပ်စက်နေအောင်ပြုလုပ်ထားပြီး ခရီးထွက်လာတာဖြစ်ပေမယ့် Lawrence နဲ့ Pratt တို့ဟာတော့ နှစ်၉၀စောပြီး နိုးထလာတာကို တွေ့ရမှာဖြစ်ပါသည်။

အဆိုပါ ရုပ်ရှင်ဟာ ကုန်ကျငွေသန်း၁၁၀ အထိရှိခဲ့သောကြောင့် နဂိုက အမြတ်များမယ်လို့ မျှော်လင့်ထားတာထက် ယခုဆိုရင် အရင်းကျေဖို့ကိုပဲ ပိုမိုမျှော်လင့်ရတော့မှာ ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags