စာရေးဆရာမကြီး(ဒေါ်) ကြည်အေး ကွယ်လွန်

စာရေးဆရာမကြီး(ဒေါ်) ကြည်အေး ကွယ်လွန်
ဓာတ်ပုံ - ကြည်အေးဖေ့ဘွတ်ခ်ပေ့ချ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ။               ။ လူစိတ် လူ့သဘာဝကို ပီပီပြင်ပြင်ချယ်မှုန်း ရေးသားနိုင်သူဟု နာမည်ကြီးသည့် ကဗျာဆရာမ ၊ စာရေးဆရာမကြီး (ဒေါ်) ကြည်အေးသည် ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၉ မိနစ်က အမေရိကန်ပြည်ထောင်စု၊ နျူးယော့ခ်မြို့တွင် ကွယ်လွန်ခဲ့သည်။

၁၉၂၉ ခုနှစ် ၊ ဒီဇင်ဘာ ၁၃ ရက်တွင် မွေးဖွားခဲ့သည့် ဒေါ်ကြည်အေးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့က အသက် ၈၇ နှစ်ပြည့်ခဲ့ပြီး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် "ထိုည" ၀တ္ထုတိုဖြင့်   မြန်မာစာပေလောကကို စတင်ဝင်ရောက်ခဲ့စဉ်က ဒေါ်ကြည်အေး၏ အသက်သည် ၁၈ နှစ်သာ ရှိနေသေးသည်။

လူ့စိတ်လူ့သဘောကို ပီပီပြင်ပြင် ထိထိမိမိရေးသားနိုင်သူဖြစ်သလို သူ့၏အတွေးအခေါ်များ အရေးအသားများက ဆန်းသစ်ခြင်းကြောင့် ဝေဖန်ခံရမှုရှိပေမယ် မျိုးဆက်သစ်တွေလက်ထက်မှာ သူ့စာနှင့်သူကဗျာတွေကို လက်ခံလာကြသည်။

သူရေးသားသည့် မောင်၊ကိုကိုနှင့် မြနန္ဒာ ၊ နွမ်းလျအိမ်ပြန်၊ မီ ၊ ကျွန်မပညာသည်၊ မှန်၏မှောင်ရိပ်စိုးနဲ့ခိုင်၊ မှန်၏မှောင်ရိပ် အိမ်ဖြူလင်းသစ် တမ်းတတတ်သည် ၊ ကြည်အေး ကဗျာပေါင်းချုပ် စာအုပ်များသည် အထူးထင်ရှားသည့် စာအုပ်များဖြစ်သည်။

ထို့အပြင် ယခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ပွင့်ဒင်္ဂ ကဗျာစာအုပ်သည် အသက် ၈၀ကျော် အနုပညာရှင်တစ်ဦးက ဘာသာရေးအပေါ် ရှုမြင်ခံစားရခြင်းတွေကို ရေးဖွဲ့ထားသည်ဟု ကျော်ကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly