တရုတ်သမ္မတဟောင်း ဟူကျင်တောင်း၏ ထိပ်တန်း လက်ထောက် အရာရှိအား အကျင့်ပျက်ခြစားမှုဖြင့် အရေးယူစစ်ဆေး

တရုတ်သမ္မတဟောင်း ဟူကျင်တောင်း၏ ထိပ်တန်း လက်ထောက် အရာရှိအား အကျင့်ပျက်ခြစားမှုဖြင့် အရေးယူစစ်ဆေး

တရုတ်နိုင်ငံ သမ္မတဟောင်းဟူကျင်ထောင်း၏ ထိပ်တန်းလက်ထောက်အရာရှိဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးလျက် ရှိပြီး ပါတီတွင်းမှလည်း ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြသည်။

သမ္မတဟောင်း၏ ထိပ်တန်းလက်ထောက်အရာရှိဟောင်း လင်ကျိဟွာကို လာဘ်ပေးလာဘ်ယူမှုနှင့် လိင်ကိစ္စအရှုပ်အထွေးများ ကျုးလွန်သည်ဟု စွပ်စွဲထားကြောင်း ဆင်ဝှာသတင်းတွင် ဖော်ပြသည်။

လင်ကျိဟွာသည် ပေကျင်းတွင် သားဖြစ်သူ ကားအရှိန်မြင့်မောင်းနှင်သေဆုံးပြီးနောက် ၂၀၁၂ ခုနှစ်က ရာထူးမှ ဆင်းခဲ့ရခြင်းဖြစ် သည်။

လက်ရှိသမ္မတရှီကျင့်ပင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အရ ၎င်းအား ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်းက လင်ကျိဟွာကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လင်ကျိဟွာသည် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျုးလွန်ကြောင်း ရေးသားဖော်ပြခသြည်။

"သူက ရာထူးကို အသုံးချပြီး အကျိုးအမြတ် ရှာဖွေခဲ့သူဖြစ်တယ်။ ကိုယ်တိုင်လည်း လာဘ်စားသလို မိသားစုတွေ ကနေပြီးတော့ လည်း လာဘ်ပေးလာဘ်ယူမှုတွေ ပြုလုပ်ခဲ့တယ်။"ဟု ဆင်ဝှာသတင်းတွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly