ရေတာရှည်မြို့ ၆ မိုင်အကွာတွင် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

ရေတာရှည်မြို့ ၆ မိုင်အကွာတွင် အင်အားအနည်းငယ်ရှိ ငလျင်လှုပ်
မြေငလျင်ဗဟိုချက်ပြမြေပုံ။ (ဓါတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နှင့် ၆မိုင်အကွာတွင် ရစ်စတာစေးကေး ၄ ဒဿမ ၇ (အင်အား အနည်းငယ်ရှိသည့်) မြေငလျင် တစ်ခု မြန်မာစံတော်ချိန် နံနက် ၇နာရီ ၅၈မိနစ်၊ ၃၀စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း မြေငလျင်ဌာနမှ သတင်းရရှိ သည်။

ငလျင်ဗဟိုချက်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဖက် မိုင်၁၆၀အကွာ၊ ရေတာရှည်မြို့ အနောက်တောင်ဖက် ၆မိုင်ခန့်အကွာ တွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ် ဇန်နဝါရီတွင် သုံးကြိမ်၊ ဖေဖော်ဝါရီတွင် နှစ်ကြိမ်၊ မတ်လတွင် သုံးကြိမ်၊ ဧပြီလတွင် နှစ်ကြိမ်၊ မေလတွင် သုံးကြိမ်နှင့် ဇူလိုင်လတွင် ၃ကြိမ်ထိ(ယခုငလျင်အပါအဝင်) မြန်မာနိုင်ငံပြည်တွင်းတွင် ငလျင်များ လှုပ်ခတ်ခဲ့သည်။

လှုပ်ခတ်ပြီးသည့်ငလျင်များတွင် အင်အားအသင့်အသင့်တစ်ကြိမ်သာ ပါဝင်ပြီး ကျန်ငလျင်များသည် အင်အား အနည်းငယ်ရှိသည့် ငလျင်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly