ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်း NLD ပါတီမှရွေးကောက်ပွဲ ၀င်မည်

ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်း NLD ပါတီမှရွေးကောက်ပွဲ ၀င်မည်

မန္တလေး၊ ဇူလိုင် ၂၁ ။     ။ ဆေးတက္ကသိုလ်(မန္တလေး) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ သန်းဝင်းက လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့်  ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို အတည်ပြုပြောကြား လိုက်သည်။

ပါမောက္ခချုပ်ဟောင်းဦးသန်းဝင်းက ဇူလိုင် ၂၁ ရက် တွင် ဆေးတက္ကသိုလ် (မန္တလေး) ၏ ရွှေရတုခန်းမ ဆောင်၌ ကျင်းပသည့်  Medical Education Worshop အလုပ်ရုံ ဆွေးနွေးပွဲ ခေတ္တ ရပ်နားစဉ် ပြောကြားခြင်းဖြစ်သည်။

၎င်းက "တိုင်း EC (အလုပ်အမှုဆောင်) အဖွဲ့ကို အမည်စာရင်းတင်သွင်းရမှာပါ။ ရွေးကောက်ပွဲရဲ့ Process  (လုပ်ငန်းစဉ်) အတိုင်းပါပဲ``ဟု ပြောသည်။

ပါမောက္ခချုပ်ဟောင်း သည် ဆေးတက္ကသိုလ်( မန္တလေး)တွင်   ၂၀၀၈ ခုနှစ် သြဂုတ်လမှ  ၂၀၁၄ ခုနှစ် ဧပြီလအထိ  ပါမောက္ခချုပ် အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်၍   ကိုယ်စားလှယ် လောင်းအဖြစ် အရွေးခံလိုသူများသည် မိမိအရွေးခံလိုသည့် မြို့နယ် ၏အလုပ်မှုဆောင်အဖွဲ့ထံသို့ အမည်စာရင်းတင်သွင်းရပြီး ထို့မြို့နယ်တွင်အရွေးခံလိုသူများပြား ပါကနောက်ဆုံးတွင် ပါတီအတွင်း မဲစနစ်ဖြင့် ရွေးချယ်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးခရိုင် အလုပ်အမှုဆောင်အဖွဲ့ဝင်   ဦးလှိုင်မြင့် ကပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly