နတ်ရွာစံဘုရင် ဘူမိဘောအား လေးစားမှုပြုရန် ထိုင်းသံဃာတော် အပါး ၆၅၀ က ခရီးရှည် ကီလိုမီတာ ၈၀၀ ကို ခြေလျင်ကြွချီလာ

နတ်ရွာစံဘုရင် ဘူမိဘောအား လေးစားမှုပြုရန် ထိုင်းသံဃာတော် အပါး ၆၅၀ က ခရီးရှည် ကီလိုမီတာ ၈၀၀ ကို ခြေလျင်ကြွချီလာ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၇ ။            ။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် နတ်ရွာစံ ဘုရင်မင်းမြတ် ဘူမိဘောအတွက် လေးစားမှုပြုရန်အတွက် ဘန်ကောက်သို့ ခြေလျင် ခရီးရှည် ကြွချီလာသော
နက်ခွန်စီသမ်မာရတ်တောင်ပိုင်းပြည်နယ်မှ သံဃာတော်နှင့် ကိုရင်ရှင်သာမဏေ ရာပေါင်းများစွာက ဒီဇင်ဘာ ၂၇ ရက်တွင် ခရီးတာ၏ တစ်ဝက်သို့ ရောက်ရှိကြွလှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ဝတ်ဖရာမဟာသက်ဝေါရမ်မာဟာဝီဟန်အရပ်မှ ရဟန်းသံဃာ၊ ရှင်သာမဏေ အပါး ၆၅၀ က နိုဝင်ဘာ ၂၉ ရက်ကစတင်ကာ ခြေလျင်ခရီးကို စတင်ကြွချီခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ပရာချော့ကီရီခန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တစ်နေ့ကို ဆွမ်းတစ်နပ်သာ သုံးဆောင်ပြီး ၂၅ ကီလိုမီတာခန့် လျှောက်လှမ်းခဲ့ကြခြင်းဖြစ်ကြောင်း သံဃာများအနက်မှ တစ်ပါးဖြစ်သည့် ဦးဇင်း ကစ်သီဆာရိုက မိန့်ကြားသည်။ တစ်ချို့သော ကိုယ်တော်များက ဖိနပ်မပါဘဲ လျှောက်လှမ်းခြင်းဖြစ်၍ ခြေဖဝါးပေါက်ပြဲခြင်းဖြစ်ရကာ ဆေးရုံတင်ပို့ကုသမှု ခံယူရမှုများလည်း ရှိသည်။

ဆီစာကက်ပြည်နယ်မှ ခြောက်နှစ်အရွယ် ကိုရင်တစ်ပါးလည်း လာရောက်ပူးပေါင်းကာ အတူလမ်းလျှောက်မှုတွင် ပါဝင်ပြီး ထိုကိုရင်လေးကလည်း ဖိနပ်မစီးဘဲ လျှောက်လာခဲ့ခြင်းဖြစ်ကြောင်း ကစ်သီဆာရိုက မိန့်သည်။

ဇန်နဝါရီ ၁၅ ရက်တွင် သံဃာတော်များအနေဖြင့် နက်ခွန်ပတ်သွမ်ပြည်နယ်ရှိ ဝတ်ဖရာပတ်သွမ်ချီဒီသို့ ရောက်ရှိမည် မျှော်မှန်းထားသည်။ ထိုမှတစ်ဆင့် ကီလိုမီတာ ၅၀ မျှသာ ကွာဝေးသည့် ဆာနမ်လုအန်းတွင် ကံတော်ကုန်ဘုရင်ကြီး ဘူမိဘောအား လေးစားသမှုပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly