ပြည်သူ့ လွှတ်တော်အမတ် ၉၁ဦး လွှတ်တော်သို့မတက်

ပြည်သူ့ လွှတ်တော်အမတ် ၉၁ဦး လွှတ်တော်သို့မတက်
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း၊ မဇ္စျိမ)

ဇူလိုင် ၂၁၊ နေပြည်တော်(မဇ္ဈိမ) ။      ။ ယနေ့ကျင်းပသည့်  ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသည့် လွှတ်တော်အမတ်အားလုံး၏ ၇၈ရာခိုင်နှုန်းသာ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ပြည်သူ့လွှတ်တော်တွင် အမတ်ဦးရေ ၄၁၈ဦးရှိသည့်အနက် ၃၂၇ဦးသာ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ၉၁ဦးမှာ ခွင့်တိုင် ထားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းလည်း လွှတ်တော်သို့တက်ရောက်ခြင်းမရှိဘဲ ဒုတိယဥက္ကဌဖြစ်သည့် ဦးနန္ဒကျော်စွာ ကယာယီဥက္ကဌအဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly