UNFC က ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ညှိနှိုင်းဆွေးနွေးနေ

UNFC က ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ညှိနှိုင်းဆွေးနွေးနေ

ချင်းမုုိင်(မဇ္စျိမ)၊ ဒီဇင်ဘာလ ၂၇ ရက် ။             ။ ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရှေ့အလားအလာ ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးတွင် ပါဝင်သူအားလုံုး ညှိနှိုင်းဆွေးနွေးသော အစည်းအဝေး(Stateholder Consultation Meeting) ကုုိ ဒီဇင်ဘာလ ၂၇ ရက်က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် စတင်ကျင်းပနေသည်။

UNFC က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကုုိ ပြန်လည် သုံုးသပ် ညှိနှိုင်းတုုိင်ပင် ဆွေးနွေးခြင်းဖြစ်ပြီး ငြိိမ်းချမ်းရေးအပေါ် အထောက်အကူဖြစ်စေရန် မျော်လင့်ထားသည်ဟုု UNFC တွဲဖက်အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အထောက်အကူပြုဖုုိ့ ဖြစ်ပါတယ်။ အခုုငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်တော်တိုု့ အလားအလာက တုုိက်ပွဲတွေ ပြင်းထန်လာနေတယ်။ ရှေ့ဆက် ဒီအတုုိင်းသွားမယ်ဆုုိရင် သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အလားအလာ မကောင်းဘူး။ ဘယ်လုုိ ဆက်လုုပ်ကြမလဲ။ ဒါတွေကုုိ နှီးနှောတုုိင်ပင်ပြီးတော့အတူတကွ ပူးပေါင်းဆောင်ရွက်မှု နည်းနာရှာဖုုိ့ ဖြစ်ပါတယ် ”ဟုု သူက သတင်းထောက်များကုုိ ပြောသည်။

ထုုိအစည်းအဝေးတွင် တစ်နုုိင်ငံလုံုး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထုုိးထားသော အဖွဲ့မှ ကုုိယ်စားလှယ်များ၊ တုုိင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အဖွဲ့ဝင်များဖြစ်သော တုုိင်းရင်းသားနုုိင်ငံရေးပါတီ ၁၀ ပါတီမှ ကုုိယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနုုိင်ငံ)-WLB အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကုုိယ်စားလှယ်များ၊   မြန်မာနုုိင်ငံကျောင်းသားလူငယ်များကွန်ဂရက်နှင့် လူမှုအရပ်ဘက်အဖွဲ့အစည်းများ၊ လူထုုအခြေပြုအဖွဲ့အစည်းများမှ ကုုိယ်စားလှယ်များ စုုစုုပေါင်း ရ၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။ ထိုုအစည်းအဝေးကုုိ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၉ ရက်ထိ သုံုးရက်ကြာ ကျင်းပမည် ဖြစ်သည်။

သုံုးရက်ကြာ အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုအပေါ် သုံုးသပ်ခြင်း၊ နိုုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံုးသပ်ခြင်းနှင့် အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးမှုဖြစ်စဉ်၊ ၂၁ ရာစုုပင်လုံုညီလာခံနှင့် အန်စီအေ အကောင်ထည်ဖော်မှုဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် CSO Forum အခန်းကဏ္ဍနှင့် အနေအထား၊ ဒေသတွင်းနှင့် နုုိင်ငံတကာအတွင်း မြန်မာ့အရေး လှုပ်ရှားမှု အခြေအနေများ၊ တရားရေးမဏ္ဍိုင်နှင့် ဥပဒေပြုပြင်ပြောင်းလဲရေးအခြေအနေများ၊ လုံုခြံုရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ရှေ့အလားအလာ၊ သစ်တောကဏ္ဍနှင့် သဘောဝ ပတ်ဝန်းကျင်၊ အရပ်ဘက်အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အခင်းအကျင်း၊ ပညာရေး စနစ်ပြုပြင် ပြောင်းလဲရေး အခြေအနေ၊ သယံဇာတ စီမံခန့်ခွဲရေး၊ ဖြေယာမူဝါဒနှင့် ရှေ့လုုပ်ငန်းစဉ်များ ဆွေးနွေးကြမည် ဖြစ်သည်။

 အစည်းအဝေးတွင် နိုုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည် သုံုးသပ်ခြင်းနှင့် အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးမှုဖြစ်စဉ်အပေါ် တင်ပြဆွေးနွေးခဲ့သော စုုိင်းကျော်ညွန့် က ကဏ္ဍပေါင်းစုံုမှ ပုုဂ္ဂိုလ်များ၏ အမြင်များ ဆွေးနွေးဖလှယ်ခြင်း ဖြစ်၍ တုုိင်းရင်းသား လက်နက်ကုုိင် ခေါင်းဆောင်များအနေဖြင့် နုုိင်ငံရေး ဆွေးနွေးမှုတွင် အကောင်းဆုံုး ဆွေးနွေးနုုိင်လိမ့်မည်ဟုု ယုံုကြည်ကြောင်း ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CSSU)မှ အတွင်းရေးမှူး စုုိင်းကျော်ညွန့်က ပြောသည်။

 “ဒါက လက်ရှိ နိုုင်ငံရေး အခင်းအကျင်းကုုိ သုံုးသပ်နုုိင်ဖုုိ့အတွက် ကဏ္ဍပေါင်းစုံုမှာ ပါဝင်ပတ်သက်နေတဲ့၊ ကဏ္ဍပေါင်းစုံုမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကနေ အသိအမြင်ချင်းဖလှယ်တဲ့ သဘောဖြစ်နေတယ်ဆုုိတော့ဖြင့် ဒီအစည်းအဝေးကနေ ကျနော်တုုိ့ တုုိင်းရင်းသားခေါင်းဆောင်ကြီးများက စဉ်းစားတွေးတော ပြီးတော့ အကောင်းဆုံုး ဆုံုးဖြတ်ချက်တွေ ချမှတ်နုုိင်ဖုုိ့ အထောက်အကူပြုနုုိင်လိမ့်မယ်လုုိ့ ယုံုကြည်ပါတယ်”ဟုု စုုိင်းကျော်ညွန့်က ပြောသည်။

 ထုုိ့ပြင် အစည်းအဝေးတွင် ဒေသတွင်းနှင့် နုုိင်ငံတကာ အတွင်း မြန်မာ့အရေး လှုပ်ရှားမှု အခြေအနေများကုုိ တင်ပြမည်ဖြစ်သော အကြံပေးဘုုတ်အဖွဲ့မှ ဥက္ကဌ မခင်ဥမ္မာကလည်း လက်ရှိ နုုိင်ငံရေး အကြပ်အတည်းဖြစ်နေသည့်အချိန်တွင် ယခုုကဲ့သုုိ့ အစည်းအဝေး ခေါ်ယူကျင်းပမှုအပေါ် ကြိုဆုုိကြောင်း ပြောသည်။

 “မြန်မာနုုိင်ငံရဲ့ နိုုင်ငံရေး အချိုးအပြောင်းပေါ့နော်။ အခုုအချိန်က အရမ်းအရေးကြီးဆုံုး အချိန်ကုုိ ရောက်လာပြီ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်တဲ့အစုုိးရ ဦးဆောင်တဲ့ အချိန်မှာဘဲ စစ်တပ်ရဲ့ အာဏပြမှုတွေက ပုုိဆုုိးလာတယ်လုုိ့ တွေ့ရတယ်။ ပုုိပြီးတော့ စိတ်ပူ စရာကောင်း လာတာက လူတွေ အချင်းချင်းကြားထဲမှာ၊ ပြည်သူလူထုုကြားထဲမှာပါ ထင်ရောင်ထင်မှားနဲ့ ဖြစ်ပြီးတော့   လောလောဆယ် တပ်မတော်ကနေ တုုိင်းရင်းသားဒေသတွေမှာ ထုုိးစစ်ဆင်နေတဲ့ ကိစ္စတွေကုုိ တရားသော စစ်ကိစ္စမျိုးနဲ့ စစ်ကုုိအားပေးတဲ့ လူထုုထောက်ခံပွဲလာ လာတာကအစ ကျမတုုိ့က အရမ်းစိတ်ပူတယ်”ဟုု သူက ပြောသည်။

 လက်ရှိ ငြိမ်းချမ်းရေး ရရှိရေးအတွက် နုုိင်ငံရေးအရ ဖြေရှင်းနုုိင်ရန် အကြံဉာဏ်ကောင်းများ တင်ပြကြပါရန် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် UNFC ဒုုဥက္ကဌ နုုိင်ဟံသာက တုုိက်တွန်းပြောဆုုိခဲ့သည်။

UNFC မှ ဖွဲ့စည်းထားသော နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့ (DPN)နှင့် အစုုိးရ ငြိမ်းချမ်းရေး ကော်မရှင်တုုိ့ လာမည့် ၂၀၁၇ ခုုနှစ် ဇန်နဝါရီလဆန်းတွင် ပြန်လည်   တွေ့ဆုံုဆွေးနွေးနုုိင်ရန် အစုုိးရဘက်မှ တင်ပြထားသည်ဟုု သိရသည်။

 UNFC ခေါင်းဆောင်များသည် တုုိင်းရင်းသား လက်နက်ကုုိင်များအားလုံုး ညီညွတ်မှု ရရှိရေးအတွက် မကြာသေးမီက ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဌာနချုပ် ပန်ဆန်းမြို့သုုိ့ သွားရောက် တွေ့ဆုံုဆွေးနွေးမှုသည်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟုု ဦးထွန်းဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly