အမေရိကန် မြို့တစ်မြို့တွင် မွတ်စလင်သချိုင်းတည်ဆောက်ခြင်း အားဒေသခံများ စိုးရိမ်စိတ်ကြောင့် လက်မခံ

အမေရိကန် မြို့တစ်မြို့တွင် မွတ်စလင်သချိုင်းတည်ဆောက်ခြင်း အားဒေသခံများ စိုးရိမ်စိတ်ကြောင့် လက်မခံ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့တွင် မွတ်စလင်များ ကြီးစိုးလာခြင်းအဖြစ် စိုးရိမ်မှု များကြောင့်ဒေသခံများ က မွတ်စလင်သချိုင်းတည်ဆောက်မည့် စီမံကိန်းကို တားဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

ဖန်မာစဗီး မြို့ငယ်တွင် ယခုအဆိုပြုထားသည့် မွတ်စလင်သချိုင်းကို ဒေသခံအစ္စလာမ်မစ်အုပ်စုက တည်ဆောက်ရန် စီစဉ်လျက် ရှိခြင်းဖြစ်သည်။

မွတ်စလင်ဓလေ့အတိုင်း သဂြိုၤဟ်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ရသည့်အပြင် သချိုင်းမှစပြီး နောက်ပိုင်းတွင် ဗလီဆောက် လာခြင်းများဖြစ်လာနိုင်သည်ဟုလည်း ဝေဖန်သူများက ပြောကြားကြသည်။

ဗုဒ္ဓဘာသာအဆောက်အအုံတစ်ခုနှင့် မော်မွန် ချက်ဘုရားရှိခိုးကျောင်းတို့ ရှိနှင့်ပြီးဖြစ်သော ဖန်မာစဗီးတွင် မကြာသေးခင် က ပြုလုပ်ကျင်းပသည့် မြို့ကောင်စီအစည်းအဝေးတွင် မြို့မြေပေါ်မှာ မွတ်စလင်သချိုင်းမရှိရေးအတွက် ကန့်ကွက်ရန် ဒေသခံ များက ဖိအားပေးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့သည် မေလအတွင်းက မိုဟာမတ်ကာတွန်းများ ပြပွဲတွင် အစ္စလာမ်မစ် အစွန်းရောက်နှစ်ဦး လာရောက်တိုက်ခိုက် ပြီးနောက် ပစ်သတ်ခံရကာ သေဆုံးခဲ့သည့် နေရာနှင့် ၂၅ မိုင်ခန့်အကွာတွင်ရှိသည့် မြို့ငယ်တစ်မြို့ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly