ကွယ်လွန်သူ ပေါ့ပ်အဆိုတော်ဂျော့မိုက်ကယ်အား မက်ဒေါနားနှင့်အယ်လ်တွန်ဂျွန်တို့ ဦးဆောင်၍ ရည်စူးဂုဏ်ပြု

ကွယ်လွန်သူ ပေါ့ပ်အဆိုတော်ဂျော့မိုက်ကယ်အား မက်ဒေါနားနှင့်အယ်လ်တွန်ဂျွန်တို့ ဦးဆောင်၍ ရည်စူးဂုဏ်ပြု

လန်ဒန်။                ။ ပြီးခဲ့သောတနင်္ဂနွေ ခရစ္စမတ်နေ့၌ကွယ်လွန်သွားခဲ့သော အသက်၅၃နှစ်အရွယ်ပေါ့ပ်အဆိုတော် ဂျော့မိုက်ကယ်အား နာမည်ကျော်ပေါ့ပ်အဆိုတော်မက်ဒေါနားနှင့် အယ်လ်တွန်ဂျွန်တို့ကဦးဆောင်၍ ရည်စူး ဂုဏ်ပြုလိုက်ကြပါသည်။

“နှုတ်ဆက်ပါတယ်သူငယ်ချင်းကြီးရေ၊ တကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ အနုပညာရှင်တစ်ယောက်ကတော့ ကျမ တို့ကို ခွဲခွာသွားပါပြီ၊ မြန်မြန်သာကုန်သွားပါတော့ ၂၀၁၆ ခုနှစ်ရယ်” လို့ မက်ဒေါနားက သူမ၏အင်စတာဂရမ် တွင် ရေးသားခဲ့ပြီး ထိုစာနှင့်အတူ မိုက်ကယ်ဆုရကြောင်း သူမကြေညာပေးနေသည့် ဗွီဒီယိုဖိုင်တစ်ခုကိုပါတွဲ၍ တင်ခဲ့ပါသည်။

အယ်လ်တွန်ဂျွန်ကလည်း သူနှင့်မိုက်ကယ်တို့ အတူတွဲရိုက်ထားသော ပုံအားတင်ခဲ့ပြီး “ ကျနော်တကယ့်ကို တုန်လှုပ်မိပါတယ်။ ကျနော့်ရဲ့ချစ်လှစွာသော အကြင်နာဆုံး၊ စိတ်ထားအကောင်းဆုံး၊ အတော်ဆုံးအနုပညာရှင် မိတ်ဆွေကြီးကို ဆုံးရှုံးလိုက်ရပါပြီ” ဟု ပြောကြားခဲ့ပါသည်။

မိုက်ကယ်ဟာ ၁၉၈၀ခုနှစ်များတုန်းက ဂီတအဖွဲ့ Wham! နှင့်အတူ နာမည်ကျော်ကြားခဲ့ကာ သူရဲ့အနုပညာ သက်တမ်းတစ်လျှောက် အယ်လ်ဘမ်အချပ်ရေ သန်းတစ်ရာကျော် ရောင်းချခဲ့ရပြီး ဂရမ်မီဆုနှစ်ဆုနှင့် Brit ဆု သုံးဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags