အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်တာကို မြင်တွေ့ရမယ့် ပက်ခ်ရှင်ဟေး

အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်တာကို မြင်တွေ့ရမယ့် ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဇူလိုင် ၂၀ ။      ။ တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး ပက်ခ်ရှင်ဟေးသည် မကြာမီ ထုတ်လွှင့်ပြသမည့်  The Beauty Inside ဇာတ်ကားတွင် အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဇာတ်ကားသည်  ၂၀၁၂ ခုနှစ်အမေရိကန် လူမှုရေးဇာတ်ကား The Beauty Inside ဇာတ်ကားကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ် သည်။

အသက်၂၅ နှစ်အရွယ်ရှိပက်ခ်ရှင်ဟေးသည် တည်ကြည်ခန့်ညားသော အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်သွား မည်ဖြစ်သည်။

ပက်ခ်သည် ယခင်ကလည်း အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်ဖူးသည့် အတွေ့အကြုံရှိကြောင်းနှင့် ၂၀၀၉ ခုနှစ်က SBS ရုပ်သံက ထုတ်လွှင့်ပြသ ခဲ့သော You’re Beautiful ဇာတ်ကားတွင် အမျိုးသားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

The Beauty Inside ဇာတ်ကားတွင် ဟန်ဟေဂျို၊ လီဘီဆို၊ ချန်ဝူဟီးနှင့် ဂျူရီယူနို အပါအဝင် သရုပ်ဆောင်မင်းသမီး မင်းသားများ စွာပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်တွင် စတင်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly