ဘန်ကောက်။ ။ ဝေဖန်သူများက အာဏာပိုင်များရဲ့ အင်တာနက်လုံခြံုရေးကြီးကြပ်မှုတာဝန်ကို အားကောင်းစေ နိုင်သည်ဟုဆိုကြသော ဆိုက်ဘာလုံခြံုရေးဥပဒေကို ပြင်ဆင်ခြင်းအား ဆန့်ကျင်သည့် အနေဖြင့် အစိုးရဝက်ဘ် ဆိုက်များအားတိုက်ခိုက်ခဲ့သည်ဟ ုသံသယရှိရသော လူကိုးဦးကို ထိုင်းရဲများက ဖမ်းဆီးထိန်းသိမ်း လိုက်ပါသည်။
လက်ယာယိမ်းအဖွဲ့များက နိုင်ငံတော်အနေဖြင့် အွန်လိုင်းစောင့်ကြည့်မှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင် နိုင်မည်ဟု ပြောဆိုနေကြသော ဆိုက်ဘာရာဇဝတ်မှုဥပဒေအား ပြင်ဆင်ရန် ဥပဒေပြုအဖွဲ့ကို ယခုလတွင် အထက် လွှတ်တော်အဖွဲ့က အတည်ပြုပေးလိုက်ပါသည်။
ယင်းကိုတုံ့ပြန်သင့်အနေဖြင့် ဟက်ကာများက ပြီးခဲ့သော အပတ်တုန်းက ဆိုက်ဘာတိုက်ခိုက်မှု အမြားအပြားကို ပြုလုပ်ခဲ့ပြီး အစိုးရဝက်ဘ်ဆိုက် ဒါဇင်ပေါင်းများစွာ ပိတ်ကျသွားပါသည်။ သို့သော်လည်းအစိုးရက ၀က်ဘ်ဆိုက် များ ပိတ်ကျသွားမှုဟာ ယာယီမျှသာဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် အသေးစားအနှောင့်အယှက်လေးများဖြစ် ခဲ့ရသည်ဟု ပြောခဲ့ပါသည်။
လက်ထောက်ဝန်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ် က သတင်းထောက်များအား ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခြင်း နှင့်ဆက်စပ်နေသည်ဟု သံသယရှိသူကိုးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါသည်။ ရဲများကတော့ ဖမ်းဆီးခံရသူများထဲမှ တစ်ဦးဟာ ဆိုက်ဘာရာဇဝတ်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည်ဟု ပြောကြားခဲ့ပါသည်။
Ref: Channel News Asia