ခရစ္စမတ်အကြိုနေ့ ၌ စင်ကာပူတွင် ရေကြီးမှုကြံုနေ

ခရစ္စမတ်အကြိုနေ့ ၌ စင်ကာပူတွင် ရေကြီးမှုကြံုနေ

စင်ကာပူ၊ ဒီဇင်ဘာ ၂၄ ။           ။ ခရစ္စမတ်မတိုင်မီ တစ်ရက်အလိုဖြစ်သော ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် စင်ကာပူနေရာတစ်ချို့တွင် ရေကြီးရေလွှမ်းမှု ကြံုကာ စောင့်ကြည့်လျက်ရှိနေရသည်။

ရုတ်တရက်မှု ကြံုရာ နေရာများကို လမ်းတံတား သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က တွစ်တာတွင် ရေးသားဖော်ပြထားသည်။

ချန်နယ်နယူးအေရှသို့ ပေးပို့သည့် ပုံများအရ ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း၌ အထက်သောမဆင်လမ်းတွင် ရေကြီးရေလွှမ်းမှု ဖြစ်ပွားသည်ကို မြင်တွေ့ရသည်။

ရေကြီးမှုကြံုရာ လမ်းဆုံတစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေသည်ကို လူမှုမီဒီယာ သုံးစွဲသူများက ပုံများ၊ ပို့စ်များ ရေးသားတင်ကြသည်။

စင်ကာပူကျွန်း တစ်နံတစ်လျားတွင် ညနေ ၄ နာရီ ၄၀ မှ ခြောက်နာရီကြားတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိကြောင်း ဌာနဆိုင်ရာက ညနေ လေးနာရီခွဲခန့်၌ သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags