သိမ်းဆည်းခံ ဥယျာဉ်ခြံမြေ ဧက ၅၅၀၀ ကျော်ကို မြေယာဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်

သိမ်းဆည်းခံ ဥယျာဉ်ခြံမြေ ဧက ၅၅၀၀ ကျော်ကို မြေယာဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ- ဇော်နီ

မြိ်တ်၊ ဒီဇင်ဘာ ၂၄ ။         ။ စစ်အစိုးရလက်ထက်က ကျောက်ဖျာ မြို့သစ် စီမံကိန်းဖော်ဆောင်ရန်အတွက် သိမ်းဆည်းထားခဲ့သည့် ဥယျာဉ်ခြံမြေ ဧ က ၅၅၀၀ ကျော်အတွက်   မြေယာဥပဒေနှင့် အညီ   ပြန်လည်ဆောင်ရွက်ပေးနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တွင် ဒီဇင်ဘာ ၂၄ ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ မြေဧက ၅၅၀၀ ကျော်မှာ မြိတ်မြို့ရှိ ကျောက်ဖျာ၊ ကတွင်း၊ ကဘင်း၊ အထူးဆိပ်၊ အထူးယာကြီး၊ လော့လော့ ကျေးရွာတို့ရှိ ဥယျာဉ်ခြံမြေများဖြစ်ကြောင်းသိရပြီး ယင်းတို့အထဲမှ အထူးယာကြီး   ကျေးရွာမှာ ရွာပျောက်ဆုံးခဲ့သည့် အခြေအနေထိရှိခဲ့ကြောင်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သူ ဦးသန်းနိုင်က ပြောသည်။

“ လုံးဝပျောက်ဆုံးခဲ့ရတဲ့ ရွာတစ်ရွာလိုဖြစ်ခဲ့ပါတယ်။ ဒီရွာဟာဆိုရင်အိမ်ခြေ (၃၀)ခန့်နဲ့ မူလတန်းကျောင်းတစ်ကျောင်း ရှိခဲ့ပါတယ်။ အခုအခြေအနေကတော့ ဒီရွာမှာ နေထိုင်သူတွေအနေနဲ့ အခြားနေရာတွေကို ရွေ့ပြီးနေ နေကြရပါတယ် ” ဟု ၎င်းက ဟောပြောမှုတွင် ထည့်သွင်းပြော ကြားခဲ့သည်။

ဆန္ဒထုတ်ဖော်သူများက သိမ်းဆည်းခံမြေယာများ မြေယာမှတ်ပုံ တင်ရရှိရေး၊ သိမ်းဆည်းမြေများပြန်လည်ရရှိရေး၊ နိုင်ငံ သားအခွင့်အရေးအပြည့်အဝရရှိရေး၊ ပျောက်ဆုံးသွားသော အထူးယာကြီးကျေးရွာ ပြန်လည်ရရှိရေးနှင့် အကောင်အထည်မဖော်ဖြစ်သော ကျောက်ဖျာမြို့သစ် စီမံကိန်းဖျက်သိမ်းပေးရေးစသည့် ကြွေးကြော်သံများကြွေးကြာ်ကာ ဗီနိုင်းများဖြင့် လှည့့်လည်ခဲ့ကြသည်။

“ တောင်သူတွေရဲ့ အကျိုးစီးပွားအတွက် ဆန္ဒပြတယ်ဆိုပေမယ့် ၂၀၁၇ လယ်ယာမြေဥပဒေထွက်လာတာစောင့်ဖို့ လို တယ်၊ ဥပဒေမထွက်သေးတဲ့အတွက် ဥပဒေအရလုပ်ပေးဖို့ အခက်အခဲရှိဦးမယ်လို့   မြင်တယ်” ဟု မြိတ်မြို့တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောသည်။

မြေယာကိစ္စ ဆန္ဒထုတ်ဖော်ခြင်းကို မြိတ်မြို့ရဲတပ်ဖွဲ့မှူး၏  ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့ကျွဲကူး - ကျောက်ဖျာ တံတားထိပ် ဘုန်းတော်ကြီးကျောင်းမှ ကျေးရွာ ဘောလုံးကွင်းအထိ လူအင်အား (၃၀၀)ခန့်ဖြင့် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly