အီဘိုလာ စမ်းသပ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိရောက်မှုရှိဟု လေ့လာချက်တွင် တွေ့ရှိ

အီဘိုလာ စမ်းသပ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိရောက်မှုရှိဟု လေ့လာချက်တွင် တွေ့ရှိ

ဒီဇင်ဘ ၂၄ ။               ။ အီဘိုလာဗိုင်းရပ်စ်ပိုးအတွက် စမ်းသပ်နေသည့် ကာကွယ်ဆေးတစ်မျိုးမှာ ယခုအခါ ၁၀၀ ရာခိုင်နှုန်းထိရောက်ပျောက်ကင်းမှုရှိသည်ကို တွေ့ရှိရကြောင်း လေ့လာချက်တစ်ခုအရ သိရှိခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုတွေ့ရှိချက်ကြောင့်လည်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က အနောက်အာဖရိကဒေသတစ်ဝန်း လူပေါင်း ၁၁,၀၀၀ကျော်ကို သေဆုံးစေခဲ့သည့် ယင်းဗိုင်းရပ်စ်ပိုးအတွက် အကောင်းဆုံးကာကွယ်ပေးနိုင်တော့မည့်မျှော်လင့်ချက်များကို တိုးပွားစေခဲ့သည်။

" အီဘိုလာဆိုတာက ကျွန်တော်တို့နိုင်ငံကို လှုပ်ရမ်းသွားတဲ့အထိ ဆိုးကျိုးတွေပေးခဲ့ပါတယ်၊ ခုလိုမျိုး ဒီရောဂါကာကွယ်ဆေးကို ရှာတွေ့ထားနိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့အရမ်းဂုဏ်ယူမိပါတယ်၊ ဒီဆေးနဲ့အတူ အခြားနိုင်ငံတွေကိုလည်း ကာကွယ်ပေးနိုင်တော့မှာဖြစ်ပါတယ်" ဟု Guinea နိုင်ငံမှာ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီဒါရိုက်တာ Dr Kelta Sakoba က ပြောသည်။

အဆိုပါ စမ်းသပ်ကာကွယ်ဆေးကို ၂၀၁၅ ခုနှစ်ကတည်းက ယင်းနိုင်ငံတွင် စတင်စမ်းသပ်နေခဲ့ခြင်းလည်းဖြစ်သည်။ ကနဦးစမ်းသပ်မှုများနောက်ပိုင်းလအနည်းငယ်အကြာကလည်း စမ်းသပ်မှုအဖြေရလဒ်များမှာ မယုံနိုင်လောက်အောင်တိုးတက်မှုများ မြင််တွေ့ထားရပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ဖော်ခဲ့သည်။

စမ်းသပ်မှုကာလအတွင်းက rVSV-ZEBOV ဟုအမည်ပေးထားသော ယင်းကာကွယ်ဆေးကို လူပေါင်း ၅,၈၃၇ ဦးကို စမ်းသပ်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးမှာ နောက် ၁၀ ရက်ကြာသို့မဟုတ် ရက်များစွာကြာသည်အထိ ရောဂါလက္ခဏာများ ပြန်မတွေ့ရကြောင်း လေ့လာချက်တွင်ဖော်ပြထားသည်။

သို့ရာတွင် လက်ရှိအခြေအနေအရ အီဘိုလာဗိုင်းရပ်စ်ပိုးတွင်လည်း ပိုးအမျိုးအစားများစွာရှိနေကြောင်းနှင့် ယခုကာကွယ်ဆေးမှာ Zaire ပိုးအုပ်စုကိုသာ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ဆက်လက်၍ အခြားဆေးများကိုလည်း စမ်းသပ်နေလျက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags