ဝေဖန်ရေးဆရာများ အကြိုက်နှစ်သက်ဆုံး သီချင်းအယ်လ်ဘမ်စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ Lemonade အယ်လ်ဘမ်

ဝေဖန်ရေးဆရာများ အကြိုက်နှစ်သက်ဆုံး သီချင်းအယ်လ်ဘမ်စာရင်းမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့တဲ့ ဘီယွန်းဆေးရဲ့ Lemonade အယ်လ်ဘမ်

နိုင်ငံရေးစိတ်များကို တက်ကြွလှုပ်ရှားသွားစေနိုင်သော အဆိုတော်ဘီယွန်းဆေးရဲ့ အယ်လ်ဘမ် Lemonade ဟာ ၂၀၁၆ခုနှစ်အတွက် တစ်နှစ်တာအတွင်းဝေဖန်ရေးဆရာများ အကြိုက်တွေ့ခဲ့တဲ့ အယ်လ်ဘမ်တစ်ခုအဖြစ် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပါသည်။

သူမ၏ အယ်လ်ဘမ်ဟာ လူမည်းများနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးအတွက်နှင့် တစ်သားတည်း ရှိရေးတို့အတွက် ရည်ရွယ်ထားသည့် သီချင်းများ ပါ၀င်ပါသည်။

ဘီယွန်းဆေး ရဲ့အယ်လ်ဘမ်ဟာ ဒေးဗစ်ဘိုဝီရဲ့ သူ မသေဆုံးခင်၂ရက်အလို ဇန်နဝါရီလမှာ ထွက်ရှိထားခဲ့တဲ့ အပြောင်မြောက်ဆုံးနှင့် နောက်ဆုံးလက်ရာဖြစ်သည့် အလွမ်းတေးသီဖွဲ့ထားတဲ့ သီချင်းအယ်လ်ဘမ််ကို ကျော် ဖြတ်ပြီး ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာဖြစ်ပါသည်။

အဆိုပါစာရင်းထဲတွင် ဘီယွန်းဆေးရဲ့ညီမဖြစ်သူ အဆိုတော် Solange ရဲ့အယ်လ်ဘမ်ဖြစ်တဲ့ A Seat At The Table က နံပါတ်ငါးနေရာမှ ပါ၀င်ခဲ့ပါသည်။

အကောင်းဆုံးအယ်လ်ဘမ်ဆယ်ခုစာရင်းကတော့ အောက်ပါအ တိုင်းဖြစ်ပါသည်။

1) Beyonce – Lemonad
(2) David Bowie - Blackstar
(3) Frank Ocean - Blonde
(4) Chance The Rapper - Coloring Book
(5) Solange - A Seat At The Table
(6) Kanye West - The Life Of Pablo
(7) A Tribe Called Quest - We Got It From Here... Thank You 4 Your Service
(8) Radiohead - A Moon Shaped Pool
(9) Angel Olsen - My Woman
(10) Mitski - Puberty 2

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags