တရုတ်ဖိတ်ခေါ်အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ပါ၀င်ယှဉ်ပြိုင်မည်

တရုတ်ဖိတ်ခေါ်အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း ပါ၀င်ယှဉ်ပြိုင်မည်

ဒီဇင်ဘာ ၂၃၊ ရန်ကုန်။         ။ မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် CFA ၏ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သို့ ဖိတ်ကြားချက်အရ ၂၀၁၇ ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်အထိ Guangdong ခရိုင်တွင်ကျင်းပမည့် CFA International Women's Football Tournament 2017 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊ မြန်မာ၊ ယူကရိန်းနှင့် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းတို့ပါ၀င်ယှဉ်ပြိုင်ကြမည်ဟု အိမ်ရှင် နိုင်ငံက အကြောင်းကြားထားသည်။

CFA သည် ၂၀၁၆ ဇန်နဝါရီတွင် တရုတ်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့ ပါ၀င်သည့် လေးနိုင်ငံဖိတ်ခေါ်ပွဲကိုလည်း ကျင်းပခဲ့ဖူးပြီး အိမ်ရှင်တရုတ်အသင်းကပင် ဗိုလ်စွဲခဲ့သည်။

နယ်သာလန်နည်းပြရော်ဂျာ တာဝန်ယူကိုင်တွယ်နေသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၁၇၊ ဧပြီတွင် ၂၀၁၈ အမျိုးသမီးအာရှဖလား AFC Women's Asian Cup 2018 ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန်ရှိနေပြီး တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ယင်းအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှု ဖြစ်သည်။

Ref & Photo (MFF)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly