ဒီဇင်ဘာ ၂၃၊ ရန်ကုန်။ ။ ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာဆီယံအဆင့် ၄ နေရာအထိ ရောက်ရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စုပွဲစဉ် ၃ ပွဲနှင့် ဆီမီးဖိုင်နယ် ၂ ပွဲကစားခဲ့ရာ ၂ပွဲနိုင်၊ ၃ပွဲရှုံးရလဒ် ရရှိခဲ့သည်။ ဒီဇင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်းမှာ ယခင်အဆင့် ၁၆၆ မှ ရဆင့်မြင့်တက်ကာ ၁၅၉ သို့ ရောက်ရှိခဲ့သည်။ မြန်မာအသင်းမှာ အာရှအဆင့် ၃၀ တွင်ရပ်တည်နေပြီး ဆူဇူကီးဗိုလ်လုပွဲရောက် အင်ဒိုနီးရှား၊ အာရှဘောလုံးအင်အားကြီးနိုင်ငံဖြစ်သော ကူဝိတ်တို့အထက်တွင် ရပ်တည်နေသည်။
အာဆီယံတွင် ဖိလစ်ပိုင်အသင်းက ကမ္ဘာ့အဆင့် ၁၂၀ ဖြင့် အဆင့် ၁၊ ဆူဇူကီးချန်ပီယံထိုင်းက ကမ္ဘာ့အဆင့် ၁၂၆ ဖြင့် အဆင့်၂၊ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၁၃၄ ဖြင့် အဆင့် ၃၊ မြန်မာက ကမ္ဘာ့အဆင့် ၁၅၉ ဖြင့် အဆင့် ၄၊ မလေးရှားက ကမ္ဘာ့အဆင့် ၁၆၁ ဖြင့် အဆင့် ၅ နေရာများတွင်ရပ်တည်နေသည်။
မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံးအဖြစ် ၃၁ တွင် ရပ်တည်ခဲ့ဖူးပြီး အနိမ့်ဆုံးအဖြစ် ၁၈၆ တွင် ရပ်တည်ခဲ့ဖူးသည်။
အာဆီယံထိပ်သီး ၅ သင်း ကမ္ဘာ့အဆင့် ရပ်တည်မှု
…………………………………………………………..
စဉ် အသင်း ကမ္ဘာ့အဆင့်
၁။ ဖိလစ်ပိုင် ၁၂၀
၂။ ထိုင်း ၁၂၆
၃။ ဗီယက်နမ် ၁၃၄
၄။ မြန်မာ ၁၅၉
၅။ မလေးရှား ၁၆၁