တိုက်ပွဲများ ရပ်သင့်ပြီဟု UPDJC တွဲဖက်အတွင်းရေးမှူး ပြော

တိုက်ပွဲများ ရပ်သင့်ပြီဟု UPDJC တွဲဖက်အတွင်းရေးမှူး ပြော
အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် မြိတ်မြို့တွင်ကျင်းပစဉ် (ဓာတ်ပုံ - ဇော်နီ)

မြိတ်၊ ဒီဇင်ဘာ  ၂၂ ။             ။ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် ပြည်သူလူထုသာ နစ်နာသည့်အတွက် တိုက်ပွဲများ ရပ်ဆိုင်းသင့်ပြီဖြစ် ကြောင်း UDPJC ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က ပြောသည်။

ဒီဇင်ဘာ ၂၂ က တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ Grand Jade Hotel ၌ ကျင်းပသည့် အရပ်ဖက် လူမှုအဖွဲ့အစည်း များ ငြိမ်းချမ်းရေးဖိုရမ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတွေ ဖြစ်ခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ပြီ။ အခုထိအဖြေကမရဘူး။ အဲဒီတော့ ကျွန်တော့်အနေနဲ့ အကြံပြုချင် တာ က တိုက်ပွဲတွေ ရပ်ဆိုင်းပါ။ ဘယ်ဖက်ကပဲ စစ အဲဒါက ကောင်းတဲ့ဟာတော့ မဟုတ်ပါ ဘူး။ ထိခိုက်နစ်နာတာက ပြည် သူတွေ ပဲဖြစ်တယ်။ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်တိုင်ပင်ပင်နဲ့ ဆွေးနွေးနိုင်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဘယ် လိုရှေ့ဆက်သွားရမလဲဆိုတာ စားပွဲဝိုင်းပေါ်မှာပဲ စကားလုံးတွေနဲ့ လာပြီးတော့ တိုက်ခိုက်ကြပါလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများကိုလည်း စနစ်တကျ ခေါ်ယူညှိနှိုင်းမှုများ ပြုလုပ်သွားမှသာ ငြိမ်းချမ်း ရေးဖြစ်စဉ်သည် ယခုထက်ပိုမို အောင်မြင်နိုင်မည်ဟုလည်း ၎င်းက သုံးသပ်ပြောကြားသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၊ အရပ် ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိုရမ်သို့တက်ရောက်ရန် ဖိတ်ကြားထားသူများ ပါ၀င်ဆွေးနွေးခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly