မိတ္ထီလာမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်

မိတ္ထီလာမြို့တွင် တပ်မတော် ထောက်ခံပွဲ ပြုလုပ်
ဓာတ်ပုံ- ကိုကြီး

မန္တလေး၊ ဒီဇင်ဘာ ၂၂ ။                ။ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက မိတ္ထီလာမြို့တွင် ဒေသခံများက တပ်မတော်ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်  ထောက်ခံပွဲပြုလုပ်သူ များသည် မိတ္ထီလာမြို့ကို ပတ်၍ ချီတက်ခဲ့ကြပြီး ချီတက်ရာ လမ်းတစ်လျှောက်တွင် ပြည်ထောင်စု တည်တ့ံခိုင်မြဲရေး ဒို့အရေး။ အမျိုး ဘာသာ သာသနာ ကာကွယ်ရေး ဒို့အရေး။ အကြမ်းဖက် သူပုန်ဟူ သမျှ ဆန့်ကျင်ကြ။ တိုက်ပွဲဝင် တပ်မတော်သားများ ကျန်းမာပါစေ။တရားသော စစ်အောင်ရမည်ဟု ကြွေးကြော်ခဲ့ကြပြီး မိတ္ထီလာ ကန်ဘောင်ရှေ့တွင် ဟောပြောမှုများ   ပြုလုပ်ခဲ့ကြသည်။

တပ်မတော်ကို ထောက်ခံပွဲပြုလုပ်ရခြင်းမှာ တပ်မတော်သည် တရားသော စစ်ဆင်နွှဲနေခြင်းဖြစ်ကြောင်း လူထုအများသိ စေရန်၊ တပ်မတော်၏ အမျိုးသားရေးရပ်တည်ချက်ကို ထောက်ခံရန်၊ တပ်မတော်သားတို့၏ အသက်စွန့် တာဝန်ထမ်း ဆောင်နေမှုအပေါ် အသိအမှတ်ပြုရန်၊ တပ်မတော်၏ အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်နေမှုကို ထောက်ခံရန်၊ ပြည်သူနှင့်တပ်မတော် စည်းလုံးညီညွှတ်မှုကို ပြသရန်၊ နယ်စပ်ဒေသများတွင်နယ်မြေလု ဘင်္ဂါလီများနှင့်အကြမ်းဖက် သူပုန်များအား တိုက်ခိုက်ချေမှုန်းနေသည့် ကြည်း၊ ရေ၊လေ တပ်မတော်သားများ စိတ်ဓာတ်မြင့်မား တက်ကြွစေရန်နှင့် ကမ္ဘာနှင့်မြန်မာမီဒီယာများတွင် တပ်မတော်အား ထိုးနှက် ပုတ်ခတ်နေမှုများကို ချေဖျက်ရန်တို့ဖြစ်သည်ဟု လက်ကမ်း စာစောင်တွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly