Eleven CEO ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအတွက် အာမခံလျှောက်ထားချက် ပယ်ချခံရ

Eleven CEO ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအတွက် အာမခံလျှောက်ထားချက် ပယ်ချခံရ

Eleven CEO ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအတွက် အာမခံလျှောက်ထားချက်အား ယနေ့ တာမွေမြို့နယ်တရားသူကြီးမှ ပယ်ချလိုက်သည်ဟု သိရသည်။

ယနေ့ရုံးချိန်းသို့ ထောင်ဆရာဝန်၏ ကျန်းမာရေးစစ်ဆေးချက်အကြောင်းပြန်စာအား ထောင်ပိုင်ကြီးမှ တင်ပြခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုတင်ပြချက်အား အကြောင်းပြချက်မခိုင်လုံဟု တရားသူကြီး ဒေါ်ကေသီလှိုင်မှ ဆုံးဖြတ်ကာ ယင်းအာမခံအား ပယ်ချလိုက်ခြင်း ဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသော ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံနောက်တစ်ကြိမ်   ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းထွဋ်အောင်၏ ရှေ့နေ ဦးကြီးမြင့်က ၎င်းတို့ဘက်မှ တင်ပြသော ဆေးစစ်ဆေးမှုနှင့် ထောင်ဆရာဝန်မှ တင်ပြသော ဆေးစစ်မှု ကွဲလွဲမှုရှိနေသည်ဟု ယနေ့ပြောခဲ့ပြီး   ရှေ့ဆက် ဘာလုပ်ရမှန်းမသိသေးဘူး ဟု ပြောသည်။

ပြီးခဲဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် ရုံးချိန်းတွင် ထောင်ဆရာဝန်မှ မအားလပ်သဖြင့် မလာရောက်နိုင်သောကြောင့် ဆေးအာမခံလျှောက်ထားမှုအား နောက်တစ်ကြိမ်ရုံးချိန်းသို့ ရွှေ့ဆိုင်းလိုက်ပြီး ယခုရုံးချိန်းတွင် ပယ်ချလိုက်ခြင်းဖြစ်သည်။

Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly