ဆရာခ ရာပြည့် ရန်ပုံငွေအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

ဆရာခ ရာပြည့် ရန်ပုံငွေအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ။             ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာမောင်မောင်ခ( ဆရာခ) ရဲ့ နှစ်တစ်ရာပြည့် အကြို ရန်ပုံ ငွေရှာဖွေသည့် ဂီတဖျော်ဖြေပွဲတစ်ခုကို ၂၀၁၇ ဇန်နဝါရီလ ၁၄ ရက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

‘ကံကော်မြေက တက္ကသိုလ်’ လို့ အမည်ပေးထားတဲ့ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် နာမည်ကြီး တေးသံရှင်များဖြစ်ကြတဲ့ ဗစ်တာခင်ညို၊ ခိုင်ထူး၊ တူးတူး၊ အာဇာနည်၊ တင်ဇာမော်၊ ထွန်းအိန္ဒြာဗိုနဲ့ မေဆွိ တို့က ကူညီဖျော်ဖြေပေးကြမှာ ဖြစ်ပါတယ်။

ပါ၀င်ကူညီသီဆိုပေးမည့် အဆိုတော် တူးတူးက “လွန်ခဲ့တဲ့ နှစ်လလောက်က ဒီပွဲလေး လုပ်မယ်ပေါ့လို့ ကျွန်တော့်ကို လာပြောတော့ ရတယ်။ သီချင်းတစ်ပုဒ် နှစ်ပုဒ်တည်း မဟုတ်ပါဘူး လေး ငါးပုဒ်ဆိုပေးပါ့မယ်လို့ ကျွန်တော်ပြောပါတယ်။ နောက်ပြီးတော့ ဆရာခက ကျွန်တော့်ရဲ့ ဘကြီးလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာလူမျိုးများအတွက် လေးစားဂုဏ်ယူစရာကောင်းတဲ့ ဆရာမောင်မောင်ခရဲ့ အထုပ္ပတ္တိ ဇာတ်လမ်းတိုကိုလည်း ဂီတ ဖျော်ဖြေပွဲနေ့မှာ ပြသသွားဖို့ ရှိပြီး မသိလိုက်မမှီလိုက်တဲ့ လူငယ်တွေအတွက် အတုယူရအောင် အဆိုပါ အစီအစဉ်ကို ထည့်သွင်းဖြစ်တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ကိုအီကြာကွေးက ပြောပါတယ်။

“ကျွန်တော်တို့ မသိလိုက် မမီလိုက်ပေမယ့်ဂုဏ်ယူစရာကောင်းပြီး အတုယူစရာကောင်းတဲ့ ဆရာ မောင်မောင်ခရဲ့ အ ကြောင်းလေးကို ကျွန်တော်တို့ ဗီဒီယိုကလစ်လေး ပြဖို့ ရှိပါတယ်။ အခုဆို ဆရာ့ရဲ့ ဆွေမျိုးသားချင်းနဲ့ တပည့်တွေဆီမှာ လိုက်လံစုဆောင်းနေပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ရန်ပုံငွေရှာဖွေပွဲမှ ရရှိလာတဲ့ အကျိုးအမြတ် အားလုံးကို ဆရာခ ဖောင်ဒေးရှင်းနှင့် ပတ်သက်တဲ့ ကိစ္စများနှင့် ထပ် မံပြု လုပ်မယ့် ဆရာခ ရာပြည့်လုပ်ဆောင်မှုများမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးဦးခင်မောင်က “ ဒီကရရှိတဲ့ ငွေကြေးအားလုံးကို ဆရာခဖောင်ဒေးရှင်းမှာ ပြုလုပ် နေ ဆဲဖြစ်တဲ့ ဆရာခ Endowment ဆု တို့လို၊ ၀က်ဆိုဒ်တင်တာတို့လို၊ ဆရာခကြေးရုပ်တု ထားဖို့တွေ၊ နောက်ပိုင်းမှာ စာပေဟောပြောပွဲတွေ၊ ပြခန်းတွေနဲ့ ရာပြည့်ပွဲလုပ်တာတွေမှာ အသုံးပြုသွားမှာပါ။ အင်တာနက်မှာ မောင်မောင်ခ လို့ ရှာ ကြည့်ရင် မတွေ့မဖြစ်ရအောင်လို့ အခုလို ပွဲတွေ စီစဉ်ကျင်းပရတာလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရံပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲကိုတော့ ၂၀၁၇ ဇန်နဝါရီ ၁၄ ရက်တွင် အမျိုးသားဇာတ်ရုံမှာ ပြုလုပ်မှာ ဖြစ်ပြီး လက်မှတ် စျေး နှုန်းများကတော့ ငါးသောင်း၊ လေးသောင်း၊ နှစ်သောင်း၊တစ်သောင်းနဲ့ ခုနစ်ထောင်စသဖြင့် သတ်မှတ်ထားကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly