မစင်စွန့်ပစ်သည့် လေကြောင်းလိုင်းများကို ဒဏ်တပ်ရန် အိန္ဒိယစီစဉ်

မစင်စွန့်ပစ်သည့် လေကြောင်းလိုင်းများကို ဒဏ်တပ်ရန် အိန္ဒိယစီစဉ်

အိန္ဒိယနိုင်ငံတရားရုံးမှ အိန္ဒိယလေကြောင်းလိုင်းများအား အကယ်၍ ၄င်းတို့ရဲ့လေယာဉ်ပျံတွေဟာ ပျံသန်းနေစဉ်အတွင်း လေထဲမှာ လေယာဉ်ပေါ်ရှိ အိမ်သာထဲမှ လူ့အညစ်အကြေးများကို စွန့်ပစ်ခဲ့ပါက ရူပီး ၅၀၀၀၀ သို့မဟုတ် ရ၃၆ ဒေါ်လာဒဏ်တပ်ရန် အမိန့်ချမှတ်ခဲ့ပါသည်။

တရားရုံးသို့ လျှောက်ထားသူများက လေယာဉ်ပျံများဟာ ဒေလီမြို့လေဆိပ်အနီးရှိ လူနေအိမ် ပတ်ဝန်းကျင်နေရာများသို့ လူ့အညစ်အကြေးများ စွန့်ပစ်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သောကြောင့် ယခုလို အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါ သည်။

လေယာဉ်ပေါ်ရှိ အိမ်သာများဟာ လူ့အညစ်အကြေးများကို အထူးပြုလုပ်ထားသည့် စည်ပိုင်းများနှင့်သိမ်းဆည်းပါသည်။ ထိုစည်ပိုင်းများကို လေယာဉ်ဆင်းသက်ချိန်တွင် စွန့်ပစ်ရှင်းထုတ်လေ့ရှိပါသည်။ သို့သော်လည်း နိုင်ငံတကာ လေကြောင်းအာဏာပိုင်များကတော့ ပျံသန်းနေချိန်တွင် အိမ်သာယိုစိမ့်မှုဟာ ဖြစ်ပွားနိုင်တယ်လို့ ၀န်ခံထားကြပါသည်။

တရားရုံးမှနေ၍ လေကြောင်းအဖွဲ့အစည်းအား လေယာဉ်ဆင်းသက်ချိန်တွင်နှင့် လေဆိပ်အနီးဘယ်နေရာကိုမှ လေယာဉ်ပျံပေါ်မှ လူ့အညစ်အကြေးများ စွန့်ပစ်မှုမပြုလုပ်ရန် မေတ္တာရပ်ခံထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags