အမေရိကန်အဆိုတော် ဂျိမ်းစ်တေလာက မူးယစ်ဆေးဝါးတိုက်ပွဲကြောင့် မနီလာတွင် ဖျော်ဖြေမည့် အစီအစဉ်ကို ဖျက်သိမ်း

အမေရိကန်အဆိုတော် ဂျိမ်းစ်တေလာက မူးယစ်ဆေးဝါးတိုက်ပွဲကြောင့် မနီလာတွင် ဖျော်ဖြေမည့် အစီအစဉ်ကို ဖျက်သိမ်း

ဖိလစ်ပိုင်နိုင်ငံရှိ မူးယစ်ဆေးဝါးတိုက်ပွဲများတွင် မတရားသဖြင့် သတ်ဖြတ်မှုများကျူးလွန်နေသောကြောင့် မနီလာတွင် မကြာခင်ပြုလုပ်တော့မည့် ဖျော်ဖြေပွဲကို အမေရိကန်အဆိုတော် ဂျိမ်းစ်တေလာက ဖျက်သိမ်းခဲ့ပါသည်။

ဂရမ်မီဆုများ ပိုင်ရှင်အဆိုတော်က သူဟာနိုင်ငံရေးရပ်တည်မှုတစ်ခုပြုလုပ်ဖို့ ရွေးချယ်လိုက်ကြောင်းကို ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်မှာ မတရားသဖြင့် ကွပ်မျက်နေခြင်းဟာ တရားဥပဒေစိုးမိုးရေးကို နှစ်သက်မြတ်နိုးသူတိုင်းအတွက် လက်မခံနိုင်စရာ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း သူကပြောခဲ့ပါသည်။

သမ္မတရိုဒရီဂိုဒူတာတေးဟာ ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါးအမြစ်ဖြတ် ချေမှုန်းရန်နှင့် အဖမ်းမခံဘဲ ခုခံသည့်ဘယ် လိုမူးယစ်ဆေးဝါးရောင်းချသူကိုမဆို ပြည်သူများက သတ်ဖြတ်နိုင်ကြောင်း   ကြေညာခဲ့ပါသည်။ သူဟာပြီးခဲ့သော မေလတုန်းကသမ္မတအဖြစ်ရွေးချယ်ခံခဲ့ရပြီး အဲ့ဒီ့မတိုင်ခင်တုန်းက ဒါဗိုဝ်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ တုန်းကလည်း သံသယရှိသူ ရာဇဝတ်သားများကို မတရားသဖြင့် သတ်ဖြတ်မှုအား ထောက်ခံခြင်းနှင့် ဗြောင်ကျကျ တဲ့တိုးစကားပြောဆိုမှုများကြောင့် ကျော်စောခဲ့သူဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly