ရှားလော့ခ်စီးရီးသစ် မပြသခင်မှာ စော၍ထွက်ရှိလာသော ပရိတ်သတ်များရဲ့ ခန့်မှန်းယူဆချက်များမှ ကင်းကင်း ရှင်းရှင်းနေထိုင်ကြောင်း မင်းသား Benedict Cumberbatch ပြောကြား

ရှားလော့ခ်စီးရီးသစ် မပြသခင်မှာ စော၍ထွက်ရှိလာသော ပရိတ်သတ်များရဲ့ ခန့်မှန်းယူဆချက်များမှ ကင်းကင်း ရှင်းရှင်းနေထိုင်ကြောင်း မင်းသား Benedict Cumberbatch ပြောကြား

နာမည်ကျော်ရှားလော့ခ်ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသား Benedict Cumberbatch က သူဟာပရိသတ် များရဲ့ ရှားလော့ခ်ဇာတ်လမ်းတွဲအပေါ် ထင်မြင်ယူဆချက်များနှင့် အကြိုခန့်မှန်းချက်များမှ ကင်းကင်းရှင်းရှင်းနေ ထိုင်နိုင်ရန ်ကြိုးစားကြောင်း ပြောခဲ့ပါသည်။

လေးခုမြောက်စီးရီးသစ်မပြသခင်မှာ Benedict က သူဟာ ဘီဘီစီရုပ်သံမှပြသတဲ့ယခုစီးရီးအတွက်ပရိတ်သတ် များစိတ်ဝင်တစားပါ၀င်မှုကိုနှစ်သက်ကြောင်းဝန်ခံခဲ့သော်လည်း သူရဲ့လွတ်လပ်ခွင့်ကို ထိန်းသိမ်းလိုတဲ့အတွက် ကင်းကင်းရှင်းရှင်းနေထိုင်ကြောင်း ပြောခဲ့ပါသည်။

“ကျနော်မြင်ခဲ့ရတဲ့ ဒါမှမဟုတ် ကျနော်ဖတ်ခဲ့ရတဲ့အရာတွေက ကျနော့်အပေါ်မှာ တော်တော်လေးကို ထိခိုက်သွား နိုင်တဲ့အတွက် ကျနော် ကင်းကင်းရှင်းရှင်းနေရတာပါ”လို့ သူကပြောခဲ့ပါသည်။

သူနှင့်အတူ Martin Freeman ပါ ခေါင်းဆောင်ပါ၀င်ထားသော ရှားလော့ခ်ဇာတ်လမ်းတွဲအသစ်ကို လာမည့်နှစ် သစ်ကူးနေ့တွင် စတင်ပြသသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မရေမတွက်နိုင်လောက်အောင် များပြားတဲ့ ၀က်ဘ် ဆိုက်များဟာ ဒီဇာတ်လမ်းရဲ့အလှည့်အပြောင်းများကို ပြီးခဲ့သော ဇာတ်လမ်းအပိုင်းများအား ပြန်လည်ကြည့်ရှု ပြီးဖြစ်လာနိုင်တဲ့ ရလာဒ်များကို ခန့်မှန်းကာ ကိုယ်ပိုင်ဆန်းစစ်မှုများ ပြုလုပ်နေကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly