ဘာလင်မြို့တွင် လော်ရီကားဖြင့် တိုက်ခိုက်ခဲ့မှုဟာ အကြမ်းဖက်သမားများ လက်ချက်ဖြစ်နိုင်သည်ဟု ရဲများပြောကြား

ဘာလင်မြို့တွင် လော်ရီကားဖြင့် တိုက်ခိုက်ခဲ့မှုဟာ အကြမ်းဖက်သမားများ လက်ချက်ဖြစ်နိုင်သည်ဟု ရဲများပြောကြား

ဒီဇင်ဘာ ၂၀ ။                        ။ လူပေါင်း၁၂ဦး သေဆုံးခဲ့ပြီး ၄၈ဦး ဒဏ်ရာရှိခဲ့သော ဘာလင်မြို့လယ်ခေါင်ရှိ ခရစ်မတ်စျေးထဲသို့ ယောင်္ကျားတစ်ဦး မှလော်ရီကားဖြင့် အရှိန်နှင့်ဝင်ရောက်တိုက်ခိုက်ခဲ့မှုဟာ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်နိုင်သည်ဟု ဂျာမန်ရဲများက ပြောကြားခဲ့ပြီး အပူတပြင်း စုံစမ်းနေကြပါသည်။

ကားမောင်းသူအမျိုးသားမှာ ပြီးခဲ့သောနှစ်က ဂျာမနီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူ ပါကစ္စတန်အမျိုးသား တစ်ဦးဖြစ်ပါသည်။

ဂျာမနီအဓိပတိကြီး အိန်ဂျယ်လာမာကယ်လ်ကတော့ ကားမောင်းသူဟာဒုက္ခသည်တစ်ဦးဖြစ်တယ်လို့ သက်သေ ပြနိုင်ခဲ့မယ်ဆိုရင် ဒါဟာ တော်တော်ကို စက်ဆုပ်ဖွယ်ကောင်းတဲ့   ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါသည်။

သူဟာ အသေးစားမှုခင်းများနှင့် ပက်သက်သူဖြစ်ကြောင်းရဲများကသိထားခဲ့ကြပြီး အကြမ်းဖက်မှုများနှင့်ဆက်စပ်မှု မရှိခဲ့ဖူးပါဟု သတင်းများအရ သိရပါသည်။

ဂျာမန်သတင်းဌာနများကတော့ ရဲများဟာ ဒုက္ခသည်များ နေထိုင်ရာ ယာယီစခန်းဖြစ်သည့် အသုံးမပြုတော့သော ဘာလင်လေယာဉ်ကွင်းထဲတွင် သံသယရှိသူ ပုန်းအောင်းနေသည်ဟု ယူဆသောကြောင့် ၀င်ရောက်ရှာဖွေနေကြောင်း ပြောကြားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly