Camila Cabello ရဲ့မှတ်ချက်ကြောင့် နာကျင်ခဲ့ရတဲ့ Fifth Harmony အဖွဲ့

Camila Cabello ရဲ့မှတ်ချက်ကြောင့် နာကျင်ခဲ့ရတဲ့ Fifth Harmony အဖွဲ့

Fifth Harmony အဖွဲ့က Camila Cabello သူတို့အဖွဲ့ထဲမှ ထွက်သွားတဲ့နောက် သူတို့တကယ့်ကို နာကျင်ခံစား ရကြောင်းပြောခဲ့ပါသည်။ ကျန်ရှိခဲ့သည့် အဖွဲ့ဝင်များဖြစ်သည့် Ally Brooke ၊ Normani Kordei ၊ Dinah Jane နဲ့ Lauren Jauregui တို့က သူတို့ Fifth Harmony အဖွဲ့နှင့် Camila တို့ရဲ့အနာဂတ်အတွက် ဆွေးနွေးဖို့သူတို့ လုပ်နိုင်သမျှလုပ်ခဲ့ကြောင်း အခိုင်အမာ   ကြေညာခဲ့ပါသည်။

သို့သော်လည်း Camila ဟာ သူတို့နှင့်အတူ တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်ခဲ့ကြောင်းပြောခဲ့ပါသည်။ “ရှင်နာကျင် နေပြီး စိတ်ရှုပ်ထွေးနေမယ်ဆိုတာကို ကျမတို့ သိပါတယ်၊   နောက်ပြီးရှင်းလင်းတဲ့ အဖြေလိုချင်နေတာကိုလည်း ကျမတို့ သိပါတယ်” လို့ ရေးသားခဲ့ပါသည်။ အဆိုပါဖော်ပြချက်ကို Camila ဟာ အဖွဲ့ထဲမှ သူထွက်တော့မယ်ဆိုတဲ့အကြောင်း   ကြေညာတော့မယ်ဆိုတာကို သူမတကယ့်ကို မသိခဲ့ကြောင်းပြောခဲ့လို့ Fifth Harmony အဖွဲ့ က တုံ့ပြန်ရေးသားခဲ့တာဖြစ်ပါသည်။

Camila က “ သူတို့ကို ကျမရဲ့ကိုယ်စားလှယ်တွေက ကျမဒီအဖွဲ့ထဲကနေ ထွက်တော့မယ်ဆိုတဲ့အကြောင်း အသိပေးခဲ့တယ်ဆိုတဲ့ သတင်းက မမှန်ပါဘူး” လို့ရေးခဲ့ပါသည်။ ဒါ့အပြင် “ Fifth Harmony အဖွဲ့နဲ့လည်းဒီလို မျိုးပုံစံနဲ့အဆုံးသတ်သွားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးပါဘူး” လို့ လူမှုမီဒီယာမှာရေးသားခဲ့ပါသည်။ ထို့နောက် “ဒီအဖွဲ့နဲ့အတူ ရှိနေခဲ့ရတဲ့အချိန်တွေဟာ ကျမဘဝရဲ့ အရေးပါဆုံးသော အခန်းကဏ္ဏတစ်ခု ဖြစ်ပါတယ်”လို့  Camila က Fifth Harmony အဖွဲ့ကို အားပေးသောပရိတ်သတ်များအား ပြေကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly