ရုရှသံအမတ်ကြီးအား တူရကီအဓိကရုဏ်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်ရဲသားက ပစ်သတ်

ရုရှသံအမတ်ကြီးအား တူရကီအဓိကရုဏ်နှိမ်နှင်းရေးတပ်ဖွဲ့ဝင်ရဲသားက ပစ်သတ်
ဓာတ်ပုံ-အီးပီအေ

အန်ကာရာ၊ ဒီဇင်ဘာ ၂၀ ။  ။ တူရကီနိုင်ငံတွင် ရုရှသံအမတ်ကြီး အန်ဒရီကာလော့ဗ်အား တူရကီရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်သတ်ခဲ့သည်။ အလီပိုတွင် ရုရှ၏ ပါ၀င်မှုကို ဆန့်ကျင်သည့်ဟန်အဖြစ် ယခုကဲ့သို့ ပစ်သတ်ခြင်း ဖြစ်ဖွယ်လည်းရှိသည်။

ပစ်သတ်သည့် ရဲသားသည် အသက် ၂၂ နှစ်ရှိ မတ်အိုင်ဒင်တက်စ်ဆိုသူဖြစ်ကာ အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။ ၎င်းက မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်ပတ်သက်မှု ရှိမရှိ မသိရသေးချေ။

 

 

ရုရှနိုင်ငံက ဆီးရီးယားသမ္မတ ဘာရှာအာဆတ်အား ထောက်ခံခြင်းကို ကန့်ကွက်ဆန္ဒပြပြီး ရက်ပိုင်းအတွင်း ယခုပစ်သတ်မှု ဖြစ်ပွားခြင်းလည်းဖြစ်သည်။

ယခုတိုက်ခိုက်မှုက ရုရှနှင့် ဆက်ဆံရေး ယိုယွင်းသွားအောင် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု တူရကီသမ္မတက ပြောခဲ့သည်။

ယခုလုပ်ရပ်သည် နှစ်နိုင်ငံကြား ရန်မက်ဖြစ်ပွားအောင် လုပ်ဆောင်ခြင်းတစ်ရပ်အဖြစ် ခံယူထားကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းပြောဆိုခဲ့သည့် တူရကီသမ္မတ အာဒိုဂန်က ဗီဒီယိုမက်ဆေ့ချ်တစ်ရပ်၌ ပြောသည်။

နှစ်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေအောင် လုပ်ဆောင်သူများ၏ ရည်ရွယ်ချက် အောင်မြင်လိမ့်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောလိုက်သည်။

အခင်းဖြစ်ရာသို့ ရုရှမှ ထောက်လှမ်းရေးအဖွဲ့တစ်ရပ် စေလွှတ်မည်ဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required