ဆူဇူကီးပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် အောင်သူကို Goal မှ ရွေးချယ်

ဆူဇူကီးပြိုင်ပွဲ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် အောင်သူကို Goal မှ ရွေးချယ်

ဒီဇင်ဘာ ၁၉ ရန်ကုန်။ ။           ။ နာမည်ကျော်ဘောလုံး အားကစားဝက်ဘ်ဆိုက် Goal.com က ၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲမှ အကောင်းဆုံး ကစားသမားများကို အွန်လိုင်း Vote စနစ်ဖြင့် ရွေးချယ်ခဲ့ရာ အကောင်းဆုံး လူငယ် ကစားသမားအဖြစ် မြန်မာ့လက်ရွေးစင်တိုက်စစ်မှုး အောင်သူက ရွေးချယ်ခံခဲ့ရသည်။

အောင်သူသည် ဆူဇူကီး ပြိုင်ပွဲ၌ မြန်မာအသင်းအတွက် ဂိုးပေါက် ကန်သွင်းမှု (၁၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို၊ ဂိုးရနိုင်သည့် အခြေအနေကို (၁၂) ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သည်။
ထို့အပြင် အောင်သူမှာ ဆူဇူကီးဖလားအုပ်စုအဆင့်ပွဲစဉ် သုံးပွဲတွင် မြန်မာအသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly