ရွှေစက်တော်ဘုရား လုပ်ငန်းတင်ဒါပေးရာတွင် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ကောက်ခံတော့မည်မဟုတ်

ရွှေစက်တော်ဘုရား လုပ်ငန်းတင်ဒါပေးရာတွင် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ကောက်ခံတော့မည်မဟုတ်

မင်းဘူး၊ ဒီဇင်ဘာ ၁၉ ။           ။ ယခုနှစ် ရွှေစက်တော်ဘုရား လုပ်ငန်းတင်ဒါများ ပေးရာတွင် ဒေသန္တရ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပေးဆောင်နေရသည့် အပိုငွေကြေးများ   ကောက်ခံတော့မည် မဟုတ်ဘဲ တင်ဒါလုပ်ငန်းများတွင် မပါဝင်ဘဲ နီးစပ်ရာများသာ လုပ်ကိုင်ခွင့်ရရှိနေသည့် စီးပွားဖြစ် လုပ်ငန်းအချို့ကိုလည်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

"ဒီနှစ်တော့ အဲ့ဒီလိုမျိုး ကောက်ခံတာ မရှိတော့ပါဘူး ဘုရားလုပ်ငန်းတင်ဒါတွေထဲက ဘုရားဖူး ပြည်သူတွေအတွက် ဝန် ထုပ်ဝန်ပိုး ဖြစ်နေတဲ့ လုပ်ငန်းတစ်ချို့ကိုလည်း ဒီနှစ်ပေးမှာ မဟုတ်ပါဘူး အဓိက ကတော့ လှေတင်တံတား ဖြတ်သန်း ခရယ် ယာဉ်ရပ်နားကွင်းမှာ ယာဉ်ရပ်နားခရယ် မောင်းတန်ဂိတ်တွေကနေ ဖြတ်သန်းခတွေ လုံးဝမရှိတော့ပါဘူး။

ဆိုင်ကယ်စတန်း တစ်ခုသာ လုပ်ကိုင်ခွင့် ပေးမှာပါ ဒါလည်း စတန်းလာအပ်မှ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ကောက် ရမှာပါ ပိုကောက်လို့ မရပါဘူး၊ ရေစီးဘော လုပ်ငန်းကိုတော့ တင်ဒါထဲထည့်ထားမယ် ၊လျှပ်စစ်မီးလုပ်ငန်းကတော့ ဂေါပ က အဖွဲ့က လုပ်ကိုင်ဆောင်ရွက် ပေးသွားမှာပါ " ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောသည်။

နှစ်စဉ် ဘုရားလုပ်ငန်းတင်ဒါ (၄၇) မျိုး ပေးသည့်အခါ မင်းဘူးခရိုင် ဒေသန္တရ ဖွံ့ဖြိုးရေးအတွက်( ၂၀)ရာခိုင်နှုန်းနှင့် ပြီးခဲ့ သည့်နှစ်က (၁၀)ရာခိုင်နှုန်း ကောက်ခံမှုများ ရှိခဲ့သည်။

" ဒီနှစ်ရွှေစက်တော်ဘုရား ဂေါပကအသစ်တွေဟာ အရပ်သားတွေပေါ့ အရင်ကလို အာဏာပိုင်တွေ ထွေအုပ်တွေ မပါ တော့ လုပ်ပိုင်ခွင့် လွတ််လပ်စွာရနေပါပြီ။ ဒါဟာ အစိုးရသစ်လက်ထက်မှာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုလေ ။ အခုလို ဘုရားဖူးပြည်သူတွေကို အဓိကထား ဆောင်ရွက်ပေးနေတာဟာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုပါ အရင်ကဆို ရွှေစက်တော်ဟာ နာမည်ဆိုးနဲ့   ကျော်ကြားနေတာပါ ဒီအပြောင်းအလဲကို ဝမ်းပန်းတသာ ကြိုဆိုပါတယ်" ဟု ရန်ကုန်မှ ပေါ်ဦးဘုရားဖူး ပို့ဆောင်ရေး လုပ်ငန်းရှင် ဦးပေါ်ဦးကပြောသည်။

တင်ဒါတွင် မပါဝင်ဘဲ နီးစပ်ရာများသာ လုပ်ပိုင်ခွင့်ရရှိလေ့ရှိသည့် လှေတင်တံ တား၊ ယာဉ်ရပ်နားကွင်း၊ မောင်း တံများ၊ ရေစီးဘောလုပ်ငန်းနှင့် လျှပ်စစ်မီးလုပ်ငန်းများကိုလည်း အချို့ကိုဖျက်သိမ်းပြီး အချို့အား ပွင့်လင်းမြင်သာစွာ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်သည် နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ စည်းကား သိုက် မြိုက်စွာ ရက်ရှည် ကျင်းပသော ပွဲတော်ဖြစ်ပြီး အရပ်သား ဂေါပကအဖွဲ့သည် ၂၀၁၆ ဒီဇင်ဘာ(၁) ရက်နေ့မှစ တာဝန်ယူ ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ဘုရားဘဏ္ဍာငွေ သိန်းပေါင်းသုံးသောင်း ရှစ်ထောင်လေးရာ နှစ်ဆယ်ငါးသိန်း သုံးသောင်း သုံးထောင် နှစ်ရာသုံးဆယ်ကိုးကျပ်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly