တနင်္သာရီမြို့နယ် ဘန်ကြုတ်ဒေသတွင် မူးယစ်ဆေးဝါးတားဆီးခြင်း ဟောပြောပွဲနှင့် ဘိန်းစာပင် ဖျက်ခြင်းပြုလုပ်

တနင်္သာရီမြို့နယ် ဘန်ကြုတ်ဒေသတွင် မူးယစ်ဆေးဝါးတားဆီးခြင်း ဟောပြောပွဲနှင့် ဘိန်းစာပင် ဖျက်ခြင်းပြုလုပ်
ဘိန်းစာပင်ဖျက်ဆီးရန်အတွက် ပူးပေါင်းချီတက်မှု  ပြုလုပ်စဉ် (ဓာတ်ပုံ - ဇော်နီ)

မြိတ်၊ ဒီဇင်ဘာ ၁၉ ။         ။ တနင်္သာရီတိုင်းဒေသကြီး ၊တနသာင်္ရီမြို့နယ် ၊ ဘန်ကြုတ်ဒေသ (ကုလားလမ်း) ရှိ ဘိန်းစာပင် အပင် (၁၀၀၀)ကို မူးယစ် ဆေးဝါး တားဆီးနှိမ်နှင်းမှု ပညာပေးအနေဖြင့် ဖျက်ဆီးခဲ့ပြီး ပညာပေးဟောပြောမှုကိုလည်း ကျွဲထိန်းကုန်းကျေးရွာ၊ ကျေးရွဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဘိန်းစာပင်များကို ဒေသခံများဆက်လက် မစိုက်ပျိုးကြရန် အသိပညာပေးသည့်အနေဖြင့် မူးယစ်ဆေးဝါးတားဆီး တိုက် ဖျက်ရေးပုံဖော်မှု တစ်ခုအနေဖြင့် ဌာနဆိုင်ရာများနှင့် ငြိမ်းချမ်းရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

ဘိန်းစာပင်များကို ယခင်နှစ်ပေါင်းများစွာကပင်ဒေသတိုင်းရင်းသားများအနေဖြင့် ဆေးဝါးဖြစ် စိုက်ပျိုးသုံးစွဲခဲ့ကြသော် လည်း နောက်ပိုင်းတွင် ခေတ်မှီဓာတုပစ္စည်းများဖြင့် ရောနှောခြင်းဖြင့် မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးများအဖြစ် သုံးစွဲစေ သည့် အခြေအနေများဖြစ်ပေါ်လာသည်ကိုတွေ့ရှိရကြောင်း ရဲမှူးကြီး နေမျိုးက ဆိုသည်။

ဘိန်းစာပင်များ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ နောက်မျိုးဆက်သစ်များ အနာဂတ် ပျက်စီးဆုံးရှုံးမှုကို လျော့နည််းပါးလာ မည်ဟုယူဆကြောင်း ၊ နိုင်ငံတော်အတွင်း ဘိန်းစာမှုန့်အသုံးပြုမှု အခြေအနေကိုလည်း လျော့ချနိုင်မည့် အခြေအနေ အ ဖြစ် ထင်မြင်ကြောင်း တနင်္သာရီမြို့နယ် ကရင့်အမျိုးသားရဲ တပ်ဖွဲ့တာဝန်ခံ စောဆဲလဲက ပြောသည်။

အဆိုပါ ဘိန်းစာပင် ဖျက်ဆီးမှုကို ခမရ(၅၆၁)တပ်ရင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဖဒို ဆေးဟဲ ဦးဆောင် သည့် KNU ငြိမ်းချမ်းရေးတပ်ဖွဲ့ ၊ မြိတ်မြို့မူးယစ်တပ်ဖွဲ့၊ မြိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း(MANA)၊ ကျေး ရွာ ပြည်သူ့စစ်အဖွဲ့များ၊ မြို့နယ် သစ်တော ဦးစီးဌာ နတာဝန်ရှိသူများ စုစုပေါင်း အင်အား ၃၅၀ ဦးခန့် ပါ၀င်ဆောင် ရွက် ခဲ့ကြသည်။

အလားတူ တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာ အနီးတွင်လည်း ဘိန်းစာပင်များ ရှင်းလင်း ဖယ်ရှား မီးရှို့ခြင်းကို ဒီဇင်ဘာ ၁၇ ရက်တွင်ပြု လုပ်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly