အာဆီယံချန်ပီယံရှစ်အကြို ပြင်ဆင်မှုအဖြစ် မြန်မာယူ-၁၈အသင်း ဥရောပသွားမည်

အာဆီယံချန်ပီယံရှစ်အကြို ပြင်ဆင်မှုအဖြစ် မြန်မာယူ-၁၈အသင်း ဥရောပသွားမည်

ဒီဇင်ဘာ ၁၉၊ ရန်ကုန်။              ။ မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှု အဖြစ် ဥရောပနိုင်ငံများသို့ သွားရောက်နေထိုင်   လေ့ကျင့်ရန် စီစဉ်ထားသည်။

လက်ရှိအချိန်တွင် မြန််မာယူ-၁၈အသင်းမှာ တရုတ်နိုင်ငံသို့ရောက်ရှိ နေထိုင်လေ့ကျင့်မှုများပြုလုပ်နေပြီး ခြေစမ်းပွဲ လေးပွဲကစားထားရာ ၁ပွဲသရေ၊ ၃ပွဲရှုံးရလဒ် ရရှိထားသည်။

တရုတ်မှာနေထိုင်ပြီးအသင်းတွေနဲ့ပူးတွဲလေ့ကျင့်ခွင့်ရတာအသင်းအတွက်အရမ်းကောင်းပါတယ်။ ကျွန်တော်တို့အသင်းကလူငယ်တွေအတွက်လည်း အတွေ့အကြံုအများကြီးရစေပါတယ်။ တရုတ်ခရီးစဉ်ပြီးရင် ဥရောပမှာ သွားရောက်ပူးတွဲလေ့ကျင့်ဖို့လည်း စီစဉ်ထားပါတယ်။ ဟု မြန်မာယူ-၁၈အသင်းမန်နေဂျာ ဦးမိုးဝေက ပြောသည်။

၂၀၁၇ အာဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၁၁သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်စုခွဲကာ အုပ်စုပထမနှင့်ဒုတိယရအသင်းနှစ်သင်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့် ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာယူ-၁၈အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က တာဝန်ယူကိုင်တွယ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly