ပွဲဦးထွက် အပတ်မှာပဲ ရုံဝင်ငွေ ဒေါ်လာသန်း၂၉၀ ကျော် ရရှိခဲ့တဲ့ Rogue One: A Star Wars Story

ပွဲဦးထွက် အပတ်မှာပဲ ရုံဝင်ငွေ ဒေါ်လာသန်း၂၉၀ ကျော် ရရှိခဲ့တဲ့ Rogue One: A Star Wars Story

Rogue One:A Star Wars Story ဇာတ်ကားဟာ ပထမဦးဆုံးအပတ်ပွဲဦးထွက်ပြသခဲ့မှုမှာတင်ပဲ တစ်ကမ္ဘာလုံး ရုံဝင်ငွေသန်း ၂၉၀.၅ လောက်ရရှိထားပါသည်။

Box Office ဆန်းစစ်သူများရဲ့အဆိုအရ အဆိုပါဇာတ်ကားရဲ့ရုံဝင်ငွေတစ်ဝက်ကျော်လောက်ဟာ မြောက်အမေရိကရှိ ရုပ်ရှင်ရုံများမှရရခဲ့ပြီး ရုံဝင်ငွေ ၁၅၅ သန်းလောက်ရရှိခဲ့တယ်လို့သိရပါသည်။ ဒါဟာ ဗြိတိန်၊အမေရိကနှင့် ကနေဒါတို့တွင် ဒီဇင်ဘာလရဲ့ပွဲဦးထွက်ရုံဝင်ငွေအကောင်းဆုံး ဒုတိယရုပ်ရှင်ဇာတ်ကားအဖြစ်ရပ်တည်နိုင်စေ သွားပါသည်။

ဒီဇင်ဘာလပွဲဦးထွက်ရုံဝင်ငွေအကောင်းဆုံးစံချိန်ကိုတော့ မနှစ်ကဒီဇင်ဘာလမှာထွက်ရှိခဲ့တဲ့ Star Wars ရုပ်ရှင် တစ်ဖြစ်လဲ The Force Awakens ဇာတ်ကားက မြောက်အမေရိကမှာ ရုံဝင်ငွေ   ဒေါ်လာ၂၄၈သန်းရရှိခဲ့ကာ စံချိန် ချိုးနိုင်ခဲ့ပါသည်။

ယခု Rogue One ဇာတ်ကားဟာ ဗြိတိန် Box Office မှာရုံဝင်ငွေ စတာလင်ပေါင်၁၆.၈သန်းရရှိထားပြီး တရုတ် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့တွင်လည်း မကြာခင်မှာ ရုံတင်ပြသသွားတော့မည်   ဖြစ်ပါသည်။

Rogue One နှင့် The Force Awakens ဇာတ်ကားတို့ရဲ့အောင်မြင်မှုကိုမူတည်ပြီး နောက်ထပ် Star Wars ဇာတ်ကားများကိုထပ်မံထုတ်လုပ်သွားဖို့ရှိကာ ရုပ်ရှင်သမိုင်းမှာ ရုံဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာဖို့ အလားအလာ များရှိနေပါသည်။

ရုပ်ရှင်သမိုင်း၌ရုံဝင်ငွေအများဆုံးရုပ်ရှင်များကတော့ ၂၀၀၉ခုနှစ်တွင်ပြသခဲ့သည့် Avatar ဇာတ်ကားနှင့် ၁၉၉၇ ခုနှစ်တွင်ပြသခဲ့သည့် Titanic ဇာတ်ကားတို့ဖြစ်ကြပြီး Avatar က ဒေါ်လာ၂.၈ဘီလီလျံနှင့် Titanic က ဒေါ်လာ ၂.၂ဘီလီလျံအသီးသီးရရှိထားပါသည်။ မနှစ်ကထွက်ရှိခဲ့တဲ့ The Force Awakens ကတော့ ရုံဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၀၇ဘီလီလျံရရှိထားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly