ဘောလိ၀ုဒ်ရုပ်ရှင်ကားများ ပိတ်ပင်တားမြစ်ထားခြင်းကို ပါကစ္စတန်ဖျက်သိမ်း

ဘောလိ၀ုဒ်ရုပ်ရှင်ကားများ ပိတ်ပင်တားမြစ်ထားခြင်းကို ပါကစ္စတန်ဖျက်သိမ်း

ပြီးခဲ့သောစက်တင်ဘာလတုန်းက အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နှစ်နိုင်ငံကြား ဆက်ဆံရေးယိုယွင်းလာခဲ့ခြင်း ကြောင့် အိန္ဒိယရုပ်ရှင်ဇာတ်ကားများ ပြသခွင့်တားမြစ်ထားခဲ့ပြီး ယခုမှာတော့ ပါကစ္စတန်ရှိ ရုပ်ရှင်ရုံများက အဆိုပါ တားမြစ်မှုကိုပယ်ဖျက်ရန် သဘောတူလိုက်ကြပါသည်။

ကတ်ရှ်မီးယားနယ်မြေပိုင်နက်အတွက်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံရှိစစ်တပ်အကြားမှာတင်းမာမှုများရှိလာခဲ့ပြီး ထိုကြားထဲမှာ ရုပ်ရှင်ဇာတ်ကားများပြသခွင့် ပိတ်ပင်သွားရန် ဆုံးဖြတ်ချက်   ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါတားမြစ်မှုဟာ အိန္ဒိယရုပ်ရှင်ရိုက်ကူးသူများက ပါကစ္စတန်သရုပ်ဆောင်များကို ဘောလိ၀ုဒ်ရုပ်ရှင်ဇာတ် ကားများတွင် ပါ၀င်သရုပ်ဆောင်ခွင့် ပိတ်ပင်သွားခဲ့ခြင်းကြောင့်   ပေါ်ပေါက်လာခဲ့ရခြင်း   ဖြစ်ပါသည်။

ဘောလိ၀ုဒ်ရုပ်ရှင်ဇာတ်ကားများဟာ ပါကစ္စတန်နိုင်ငံတွင်အလွန်လူကြိုက်များပြားပြီး ယခုလိုတားမြစ်မှုကိုပြ ဌာန်းလိုက်ခြင်းမှာ နိုင်ငံတော်အခွန်ငွေများကို လွန်စွာထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေပါသည်။

ဒါကြောင့် ပါကစ္စတန်နိုင်ငံရှိ ရုပ်ရှင်ဖြန့်ဖြူးသူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များက ဒီဇင်ဘာ၁၉ တနင်္လာနေ့မှစတင်ပြီး ရုပ်ရှင်ဇာတ်ကားများကို ပုံမှန်အတိုင်း   ပြန်လည်ရုံတင်ပြသသွားမည့် အကြောင်း ပြောကြားခဲ့ပါသည်။

ပါကစ္စတန်ဟာ ၁၉၆၅ခုနှစ်ကဖြစ်ပွားခဲ့သော အင်ဒိုပါကစ္စတန်စစ်ပွဲကြောင့် အိန္ဒိယဇာတ်ကားများကိုပြသခွင့် ပထမဆုံးအကြိမ်ပိတ်ပင်ခဲ့ဖူးပါသည်။ အဆိုပါပိတ်ပင်မှုကိုတော့ ၂၀၀၈ ခုနှစ်တုန်းက   ပြန်လည်ရုတ်သိမ်းခဲ့ ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags