၂၀၁၆ ခုနှစ်ဟာ “ပြီးပြည့်စုံတဲ့ နှစ်”လို့ပြောဆိုလိုက်တဲ့ စီရော်နယ်လ်ဒို

၂၀၁၆ ခုနှစ်ဟာ “ပြီးပြည့်စုံတဲ့ နှစ်”လို့ပြောဆိုလိုက်တဲ့ စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ရီးယဲလ်မက်ဒရစ်က ဂျပန်ကလပ်အသင်း ကာရှီးမား အန်တလာစ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုက အသင်းအတွက် ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်ဟာ “ပြီးပြည့်စုံတဲ့ နှစ်”လို့ ၎င်းက ပြောဆိုလိုက်ပါတယ်။

အသက် ၃၁ အရွယ်ရှိ ကစားသမားဟာ ပင်နယ်တီ တစ်လုံးနှင့် အချိန်ပိုမှာ ၂ ဂိုး ထပ်သွင်းခဲ့တာက ယူရို ၂၀၁၆ နှင့် ချန်ပီယံလိဂ်ဖလားအပြင် ဖီဖာကလပ်ဖလားကို ထပ်မံ ရရှိခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က ပဲရစ်မှာ သူ့ရဲ့ ၄ ကြိမ်မြောက် ရွှေဘောလုံးဆု Ballon d'Or ကိုလည်း ဆွတ်ခူးရရှိခဲ့ပြီးဖြစ်ပါတယ်။

“ဗိုလ်လုပွဲမှာ ဒီလို အောင်ပွဲတွေနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး။ သုံးဂိုးသွင်းပြီး အသင်းကို ဖလားရအောင် ကူညီနိုင်ခဲ့ပါတယ်”လို့ ပေါ်တူဂီတိုက်စစ်မှူးက ပြောပါတယ်။

"ကျနော် အသင်းဖော်တွေကို နောက်ထပ် ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ ဘာလို့လဲဆိုတော့ သူတို့မပါဘဲ တစ်ဦးချင်းဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ကျနော် တတ်နိုင်မှ မဟုတ်လို့ပါ"လို့ သူက ပြောဆိုပါတယ်။

"ကျနော်တို့ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ကလပ် ကမ္ဘာ့ဖလားတွေကို ရခဲ့တယ်။ ကျနော်ကိုယ်တိုင်လည်း ပေါ်တူဂီနဲ့အတူ ယူရိုဖလား ရရှိခဲ့တယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ နှစ်ဖြစ်တယ်။ အခုလိုမျိုး နှစ်တစ်နှစ်ကို အဆုံးသတ်နိုင်လို့ ကျနော် အလွန်ပျော်ရွှင်မိပါတယ်။"လို့ ရော်နယ်လ်ဒိုက ပြောပါတယ်။

၂၀၁၆ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စီရော်နယ်လ်ဒိုက (၃) ဂိုးသွင်းပြီး ရွှေဘောလုံးဆုကို လက်ခံရရှိခဲ့သလို ရီးယဲလ်တို့အနေနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly