တွစ်တာတွင်ပရိသတ်များနှင့် အမေးအဖြေလုပ်ခဲ့ပြီး One Direction အဖွဲ့ပြန်လာမည့်အကြောင်း ပြောခဲ့သည့် Liam Payne

တွစ်တာတွင်ပရိသတ်များနှင့် အမေးအဖြေလုပ်ခဲ့ပြီး One Direction အဖွဲ့ပြန်လာမည့်အကြောင်း ပြောခဲ့သည့် Liam Payne

One Direction အဖွဲ့အတူတကွ ပြန်လာနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သူတို့ဘက်က ၁၀၀ရာခိုင်နှုန်းပြန်လာဖို့ သေချာကြောင်း Liam Payne က တွစ်တာတွင် ပြုလုပ်ခဲ့သည့် အမေးအဖြေ အစီအစဉ်မှာ ဖြေကြားခဲ့ပါသည်။

ကမ္ဘာ့အအောင်မြင်ဆုံး ယောင်္ကျားလေးဂီတအဖွဲ့ဟာ လက်ရှိမှာဆိုရင်တော့ သူတို့တစ်ဦးချင်းစီရဲ့ တစ်ကိုယ်တော် ပရောဂျက်တွေ ပြုလုပ်နေရတာကြောင့် သူတို့အဖွဲ့ရဲ့ အကောင်းဆုံးကာလတွေ ကုန်ဆုံးသွားပြီလား ဆိုတာကို ပရိတ်သတ်တွေက စိုးရိမ်သံသယ ၀င်နေကြပါသည်။

သို့သော်လည်း ပြီးခဲ့တဲ့စနေနေ့က တွစ်တာမှာပြုလုပ်ခဲ့တ ဲ့အမေးအဖြေအစီအစဉ်မှာ အသက် ၂၃နှစ်ရှိပြီဖြစ်တဲ့ Liam က ပရိတ်သတ်များရဲ့ စိုးရိမ်မှုကို သက်သာစေခဲ့ပါသည်။

One Direction အဖွဲ့ဟာ အတူတကွ ပြန်လာနိုင်တော့မလား ဆိုတဲ့ပရိသတ်တစ်ဦးရဲ့မေးခွန်းကိုတော့ ကျနော်တို့ ပြန်လာနိုင်မယ်ဆိုတဲ့အကြောင်း ကျနော် ၁၀၀ရာခိုင်နှုန်းသေချာပါတယ်လို့ ဖြေကြားခဲ့ပါသည်။ ထို့နောက်မှာ ပရိတ်သတ်များ၏ ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရသွားသော မှတ်ချက်များ တွစ်တာပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပါ သည်။

ဒါ့အပြင် Liam နှင့် သူ၏ချစ်သူ Cheryl တို့ဟာ လာမည့်အပတ်ထဲမှာ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေး ရရှိတော့ မယ်လို့ မျှော်လင့်နေကြပါသည်။ အဆိုပါသတင်းကို သူတို့နှစ်ဦးစလုံးက အတည်မပြုရသေးသော်လည်း Liam က ပရိသတ်တစ်ဦးကို ယခုလက်ရှိ သူ့ရဲ့ဘဝ ဘယ်လောက်သာယာနေတယ်ဆိုတဲ့ အကြောင်းကို တွစ်တာပေါ်တွင် ပြောပြခဲ့ပါသည်။ ပရိတ်သတ်တစ်ဦးက Liam အား အခု သိပ်ပျော်နေလားဟန်နီရေ လို့မေးမြန်းခဲ့မှုအပေါ် Liam က ကျနော်အပျော်အရွှင်ဆုံး လူတစ်ယောက်ဖြစ်နေပါတယ်လို့ ဖြေကြားခဲ့သောကြောင့် သူ၏ ရင်သွေးရတော့ မည့်အတွက် အခုလိုပျော်ရွှင်နေတယ်လို့ ပရိသတ်များက ယုံကြည်ခဲ့ကြပါသည်။

Ref: The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly