တူနီးရှားလူမျိုး ဒရုန်းကျွမ်းကျင်ပညာရှင်အား အစ္စရေးတို့သတ်ဖြတ်သည်ဟု ဟားမက်စ်အဖွဲ့စွပ်စွဲ

တူနီးရှားလူမျိုး ဒရုန်းကျွမ်းကျင်ပညာရှင်အား အစ္စရေးတို့သတ်ဖြတ်သည်ဟု ဟားမက်စ်အဖွဲ့စွပ်စွဲ

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်က သူတို့ရဲ့ဒရုန်းကျွမ်းကျင်ပညာရှင် တူနီးရှားလူမျိုးအား အစ္စရေး တို့ကသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့ကာ ပြစ်တင်ဝေဖန်ခဲ့ပါသည်။

ပြီးခဲ့သောကြာသာပတေးနေ့က တူနီးရှားနိုင်ငံ၏ဒုတိယမြို့တော် Sfax တွင် အသက်၄၉နှစ်အရွယ်ရှိ Mohamed Zaouari ဟာ ၄င်း၏နေအိမ်အပြင်ဘက် ကားထဲတွင်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပါသည်။

ဟားမက်စ်တို့ရဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကတ်စ်ဆမ်တပ်မဟာမှ မစ္စတာ Zaouari ဟာ တော်လှန်ရေး အတွက် ဆယ်နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ပြောခဲ့ပါသည်။ ဒါ့အပြင် ၄င်းတို့ဟာ ၀မ်းနည်းခြင်း နေ့အဖြစ်ကြေညာခဲ့ပြီး မစ္စတာ Mohamed Zaouari ၏ သေဆုံးမှုအတွက်လည်း လက်စားပြန်ချေမယ်လို့ ကြံုးဝါးခဲ့ပါသည်။

အစ္စရေးကတော့ အဆိုပါပြောဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိကြောင်းသိရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly