အမေရိကန် စစ်သုံ့ပန်းများကို အဓမ္မအလုပ်ခိုင်းစေခဲ့သည့်အတွက် မစ်ဆူဘီရှီ ၀န်ချတောင်းပန်

အမေရိကန် စစ်သုံ့ပန်းများကို အဓမ္မအလုပ်ခိုင်းစေခဲ့သည့်အတွက် မစ်ဆူဘီရှီ ၀န်ချတောင်းပန်

လော့စ်အိန်ဂျလိစ်၊ ဇူလိုင်-၂၀ ။   ။ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သုံ့ပန်းများကို အဓမ္မအလုပ်ခိုင်းစေ ခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ မစ်ဆူဘီရှီကော်ပိုရေးရှင်းက သမိုင်းဝင်ဝန်ချတောင်းပန်မှု ပြုလုပ်ခဲ့သည်။

စစ်သုံ့ပန်းများကို ကုမ္ပဏီပိုင် သတ္တုတွင်းများတွင် အဓမ္မအလုပ်ခိုင်းစေခဲ့မိသည့်အတွက် နောင်တရမိပါကြောင်း မစ်ဆူဘီရှီ၏ အကြီးတန်းအမှုဆောင်တစ်ဦးဖြစ်သည့် ဟီကာရူ ကီမူရာက လော့စ်အိန်ဂျယ်လိစ်မှ အခန်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

ယင်းမှာ ဂျပန်ကုမ္ပဏီတစ်ခုက ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ချတောင်းပန်ခြင်းပင် ဖြစ်သည်။ ဂျပန်တွင် အဓမ္မအလုပ် ခိုင်းစေခံခဲ့ရသည့် စစ်သုံ့ပန်းများအနက်မှ အသက်ရှင်ကျန်ရစ်သူအနည်းငယ်လည်း တောင်းပန်မှုကို လက်ခံရန် အခန်းအနားသို့ တက်ရောက်လာခဲ့ကြသည်။ ၉၄နှစ်အရွယ် စစ်သုံ့ပန်းဟောင်းကြီး ဂျိမ်းစ် မာဖီက နှစ်ပေါင်း၇၀ လုံးလုံးစောင့်ခဲ့ရတဲ့နေ့ကိုရောက် ပါပြီဟု ပြောကြားခဲ့သည်။

‘မစ္စတာ ကီမူရာရဲ့ ဝန်ချတောင်းပန်မှုကို ဂရုတစိုက်နားထောင်ကြည့်တော့ အလွန်ရိုးသား၊ နှိမ်ချပြီး ပွင့်ပွင့်လင်းလင်းရှိပါတယ်’’ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မစ်ဆူဘီရှီမှာ အမေရိကန်အကျဉ်းသားများကို တရားဝင်တောင်းပန်ချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် ဂျပန်အစိုးရနှင့် မပတ်သက်ဘဲ သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် တောင်းပန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly