မြန်မာယူ-၁၄ နည်းပြအဖြစ် ပြင်သစ်လူမျိုးနည်းပြကို ခန့်အပ်

မြန်မာယူ-၁၄ နည်းပြအဖြစ် ပြင်သစ်လူမျိုးနည်းပြကို ခန့်အပ်
မြန်မာယူ-၁၄ နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည့် ပြင်သစ်နည်းပြ ဘန်လာဘီနှင့် စာချုပ်ချုပ်ဆိုနေစဉ်။ (ဓာတ်ပုံ- MFF)

ဒီဇင်ဘာ ၁၇၊ ရန်ကုန်။                 ။ မြန်မာ့လက်ရွေးစင်ယူ-၁၄ ဘောလုံးအသင်းနည်းပြ ပြင်သစ်လူမျိုးနည်းပြ ရာဘာ့ရှ်ဘန်လာဘီ ကို တစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သည်။

ဘန်လာဘီမှာ ၂၀၁၇ ဇန်နဝါရီလမှစတင်ပြီး ယူ-၁၄လက်ရွေးစင်ဘောလုံးအသင်းအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူငယ်စီမံကိန်းများတွင်လည်း တာဝန်ထမ်းဆောင်မည်ဖြစ်သည်။   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ နှစ်ဦးသဘောတူလမ်းခွဲခဲ့သော သြစတြေးလျလူမျိုးနည်းပြ အဲရစ်ဝီလျံ နေရာတွင် ပြင်သစ်နည်းပြ ဘန်လာဘီနှင့်အစားထိုးခဲ့ခြင်းဖြစ်သည်။

ဘန်လာဘီသည် UEFA (A) လိုင်စင်နှင့် UEFA Youth Elite (A) လိုင်စင်ရ နည်းပြ တစ်ဦးဖြစ်ပြီး ကစားသမား ဘဝက ပြင်သစ်ကလပ် PSG , Lens စသည့် အသင်းများတွင် ကစားခဲ့သူ တစ်ဦးဖြစ်သည်။ နည်းပြဘဝကို ၁၉၉၈ခုနှစ် က ဝင်ရောက်ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ ခုနှစ်အထိ ဂျပန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ရှိ J-Village Fukushima တွင် လူငယ်စီမံကိန်း နည်းပြ၊ ၂၀၀၇ ခုနှစ် မှ ၂၀၁၁ အထိ UAE လက်ရွေးစင်အသင်း နည်းပြ၊ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အထိ Shenzhen FC လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် နည်းပြဖြစ်သည်။ ထို့အပြင် အီရန်၊ တရုတ်၊ ဂျပန် သက်တမ်းအလိုက် လူငယ်အသင်းများနှင့် အမျိုးသမီးအသင်းများတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly