ရင်းနှီးမြှုပ်နှံသူများ အမေရိကန်ဒေါ်လာသို့ ခြေဦး လှည့်ကုန်ကြ ၍ရွှေစျေး ၅နှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ရင်းနှီးမြှုပ်နှံသူများ အမေရိကန်ဒေါ်လာသို့ ခြေဦး လှည့်ကုန်ကြ ၍ရွှေစျေး ၅နှစ်ကျော် ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

လန်ဒန်၊ ဂျူလိုင်-၂၀ ။  ။ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများကို မြှင့်တင်လိမ့်မည်ဟူသော ခန့်မှန်းချက်များကြောင့် ရင်းနှီးမြှုပ်နှံ သူများက ရွှေများကို ထုတ်ရောင်းလာကြရာ ရွှေဈေးမှာ ၅နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

အာရှဈေးကွက်တွင်တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၀၈၈.၅၀အထိ ၄ရာခိုင်နှုန်းကျဆင်းသွားခဲ့ရာ ၂၀၁၀ခုနှစ် မတ်လနောက်ပိုင်း တွင် အနိမ့်ဆုံး ကျဆင်းမှုပင် ဖြစ်သည်။

အမေရိကန်စီးပွားရေး ခိုင်မာအားကောင်းလာသောကြောင့် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်မည့် ဖြစ်နိုင်ခြေအပေါ် တန်ဖိုးတက် လာသည့်အမေရိကန်ဒေါ်လာဆီသို့ ရင်းနှီးမြှုပ်နှံသူများ ခြေဦးလှည့်ကုန်ကြ၍ ရွှေများကို ထုတ်ရောင်းကြရာမှ ရွှေဈေးနှုန်း ကျဆင်း သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံသူများမှာ အများအားဖြင့် မသေချာမရေရာသည့်အချိန်တွင် ရွှေဝယ်စုထားလေ့ရှိကြသည်။ ဇူလိုင်လ ၂၀ရက်နေ့ကမူ ၂၀၁၀ခုနှစ်နောက်ပိုင်းတွင် ရွှေကို ပထမဆုံးအကြိမ် တစ်အောင်စ ကန်ဒေါ်လာ ၁၁၀၀ထက် နိမ့်သောဈေးနှုန်းဖြင့်ရောင်းဝယ် ခဲ့ကြသည်။

ရွှေဖြူ (ပလက်တီနံ)မှာလည်း ကမ္ဘာနှင့်အဝန်း စီးပွားရေးအကျပ်အတည်း နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်အထိ ၅ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။

ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် IGမှ အီဗန် လူးကပ်၏ ပြောကြားချက်အရ လတ်တလောရွှေဈေးကျမှုမှာနှစ် ကုန်လောက် တွင် တစ်အောင်စ ကန်ဒေါ်လာ ၁၀၀၀အထိ ရောက်ရှိရန် မီးစိမ်းပြခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

 ‘ရွှေဝယ်ဖို့ အကြောင်းမမြင်သေးပါဘူး။ အမေရိကန်ဒေါ်လာမှာ ရင်းနှီးမြှုပ်နှံတာက ပိုပြီးဆွဲဆောင်အား ကောင်းနေတော့ ရွှေက မလှုပ်တဲ့သတ္တုဖြစ်နေပြီ’’အီဗန်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly