အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် က အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ခန့်အပ်

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့် က အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ခန့်အပ်

အရွေးချယ်ခံ အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်ဟာ ရှေ့နေ နှင့် စီးပွားရေးပညာရှင် David Freidman ကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပါသည်။ အသက် ၅၇ နှစ်ရှိ မစ္စတာ Frdieman ဟာ ရွေးကောက် ပွဲကာလတုန်းက မစ္စတာ Trump အား အမေရိကန်-အစ္စရေး အရေးကိစ္စများကို အကြံပေးခဲ့သူဖြစ်ပါသည်။

မစ္စတာထရမ့်၏ အသွင်ကူးပြောင်းရေးအဖွဲ့ရဲ့ အဆိုအရ မစ္စတာ Friedman ရဲ့ အစ္စရေးရှိခိုင်မာသော ဆက်ဆံရေး ဖြင့် သူ့ရဲ့သံတမန်ရေးရာတာဝန်များကို အခြေခံအုတ်မြစ်ချ ပုံဖော်သွားနိုင်လိမ့်မယ်လို့ သိရပါသည်။ မစ္စတာ Friedman က အစ္စရေးမြို့တော် ဂျေရုစလမ် ရှိ အမေရိကန်သံရုံးတွင ်အလုပ်လုပ်သွားဖို့ မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပြီး အဆိုပါ ကြိုးပမ်းမှုဟာ ပါလက်စတိုင်းလူမျိုးများကို ဒေါသထွက်ခံပြင်းစေမှာ ဖြစ်ပါသည်။

ဂျေရုစလမ်ရဲ့အခြေအနေဟာ အစ္စရေးနှင့်ပါလက်စတိုင်းကြားရှိ အငြင်းပွားဖွယ်ရာ ပြဿနာများထဲမှ တစ်ခုဖြစ်ပါ သည်။ အစ္စရေးတို့ဟာ ဂျေရုစလမ်မြို့ အရှေ့ပိုင်းကို လွန်ခဲ့သော ၁၉၆၇ခုနှစ် အရှေ့အလယ်ပိုင်း စစ်ဖြစ်ပွားခဲ့တုန်း က တိုက်ခိုက်သိမ်းယူခဲ့ပြီး ခွဲခြမ်း၍ မရနိုင်သောမြို့အဖြစ် မှတ်ယူခဲ့ကြပါသည်။ ပါလက်စတိုင်းလူမျိုးများဟာ ဂျေရုစလမ်မြို့ရဲ့ အရှေ့ပိုင်းကို အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့မြို့တော်အဖြစ် အလိုရှိနေကြတာ ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂက ဂျေရုစလမ်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိသလို အမေရိကန် သံရုံးဟာလည်း ဆယ်စုနှစ်များ အကြာကတည်းက တယ်လ်အဗီ မြို့မှာ အခြေစိုက်နေခဲ့တာဖြစ်ပါသည်။ သို့သော် လည်း မစ္စတာထရမ့်က  အမေရိကန်သံရုံးကိုဂျေရုစလမ်မြို့သို့ ပြောင်းရွှေ့မည့်အကြောင်း သူ့ရဲ့သမ္မတရွေး ကောက်ပွဲမှာတုန်းက ပြောကြားခဲ့ပြီး အဆိုပါ ကိစ္စဟာ အစ္စရေးသို့သူ့ရဲ့ ကမ်းလှမ်းချက်များထဲမှ တစ်ခုဖြစ်ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly