Star Trek ဇာတ်ကားသစ်တွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်မည့် Walking Dead စတား Sonequa Martin-Green

Star Trek ဇာတ်ကားသစ်တွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်မည့် Walking Dead စတား Sonequa Martin-Green

The Walking Dead ဇာတ်လမ်းတွဲရဲ့စတားသရုပ်ဆောင် Sonequa Martin-Green ဟာ Star Trek ရုပ်သံ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသမီးနေရာမှ ပါ၀င်လာမယ်လို့သိရပါသည်။ သူမဟာ Walking Dead ဇာတ်လမ်းတွဲမှာ အသက်ရှင်ကျန်ရစ်သူ Sasha Williams အဖြစ်သရုပ်ဆောင်ခဲ့တာ အခုဆိုရင် ဇာတ်လမ်းတွဲ ရတွဲတောင် ရှိပြီဖြစ်ပါသည်။

သို့သော်လည်းStar Trekဇာတ်လမ်းတွဲအသစ်တွင် သူမသရုပ်ဆောင်မည့်အကြောင်းဟာ သူမ သရုပ်ဆောင် နေတဲ့ ဇာတ်လမ်းတွဲမှ Sasha ဇာတ်ကောင် အဆုံးသတ်သွားခြင်းကြောင့် လည်းဖြစ်နိုင်ပါသည်။

ယခုသတင်းကို အမေရိကန်စာနယ်ဇင်း Entertainment Weekly မှ တင်ပြခဲ့တာဖြစ်ပြီး Sonequa ကိုယ်တိုင်နှင့် CBS ရုပ်သံစတူဒီယိုမှ အတည်ပြုရဦးမည်ဖြစ်ပါသည်။ အကယ်၍ အတည်ပြုခဲ့ပြီဖြစ်ပါက သူမဟာ Star Trek ရုပ်သံဇာတ်လမ်းတွဲရဲ့ ပထမဦးဆုံး အမေရိကန်ဖွား အာဖရိကန် အမျိုးသမီးခေါင်းဆောင်မင်းသမီးတစ်ဦးဖြစ်လာ မည်ဖြစ်ပါသည်။ သူမဟာ အဆိုပါဇာတ်လမ်းတွဲမှာ အာကာသယာဉ်ရဲ့ မာလိန်မှူး ဗိုလ်မှူးကြီး ဇာတ်ရုပ်နေရာမှ သရုပ်ဆောင်မယ်လို့ ယူဆရပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly