ဖုန်းကြားဖြတ် ခိုးနားထောင်မှု အရှုပ်အထွေး အတွင်းတောင်ကိုရီးယား စပိုင်တစ်ဦး ကိုယ်ကိုကို အဆုံးစီရင်

ဖုန်းကြားဖြတ် ခိုးနားထောင်မှု အရှုပ်အထွေး အတွင်းတောင်ကိုရီးယား စပိုင်တစ်ဦး ကိုယ်ကိုကို အဆုံးစီရင်

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန NIS မှ သူလျှိုစပိုင်တစ်ဦး တောင်တက်လမ်းတွင် ကားအတွင်း ကိုယ်ကိုကို သတ်သေထားသည့် လက္ခဏာဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိကြောင်း ရဲက ပြောသည်။

၎င်းသေဆုံးမှုသည် ဖုန်းကြားဖြတ်ခိုးနားထောင်ခြင်း အမှုနဲ့ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

၎င်းက ထိုသို့ ဖုန်းကြားဖြတ်နားထောင်မှုနှင့် ဆိုင်သည့် အရေးကြီးသတင်း အချက်အလက်များ ကိုဖျောက်ဖျက်ပစ် ခဲ့ကြောင်းသေကြောင်းကြံစည် သည့်စာတွင် ရေးသားသွားခဲ့သည်။

ဖုန်းများ ကြားဖြတ်နားထောင်ခြင်း အရှုပ်အထွေးသည် ၂၀၁၂ သမ္မတရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများက အီတလီကုမ္ပဏီတစ်ခုမှ ထောက်လှမ်းရေးကိရိယာကို ဝယ်ယူအသုံးပြု ပြီးရွေးကောက်ပွဲ တွင်တောင်ကိုရီးယားနိုင်ငံသားများကို ထောက်လှမ်းစောင့်ကြည့်ခြင်းများလုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာစွပ်စွဲမှုများကို အစိုးရနှင့် NIS တာဝန်ရှိသူများက ငြင်းဆန်ထားသည်။

နိုင်ငံ၏ မြောက်ကိုရီးယားရန်မှကာကွယ်ရန် ဆိုက်ဘာလုံခြုံရေးအတွက် ပစ္စည်းများ ဝယ်ယူခြင်းဖြစ်ကြောင်း အစိုးရဖက်က အခိုင်အမာပြောဆိုသည်။

အဆုံးစီရင်သွားသည့် သူလျှိုရေးသားသွားသောစာတွင် ဖုန်းကြားဖြတ်နားထောင်ခြင်းများကို မြောက်ကိုရီးယားဖက်နှင့် ချိတ်ဆက် သူများအား စောင့်ကြည့်ထောက်လှမ်းခြင်းအတွက်သာဖြစ်ပြီး ဗဟိုလက်ဝဲ သမ္မတ၏ ပြိုင်ဖက်များအပေါ် နာမည်ဖျက်ရန်အတွက် အသုံးပြုခြင်းမဟုတ်ကြောင်း အရိပ်အမြွတ်ရေးသားထားကြောင်း ဆိုးလ်မြို့ရှိ ဘီဘီစီသတင်းထောက်က ပြောကြားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly