မျှမျှတတနိုင်ပါက ရွေးကောက်ပွဲရလဒ် ကိုလေးစားမည် ဟုမြန်မာစစ်တပ် အကြီးအကဲပြောကြား

မျှမျှတတနိုင်ပါက ရွေးကောက်ပွဲရလဒ် ကိုလေးစားမည် ဟုမြန်မာစစ်တပ် အကြီးအကဲပြောကြား

ရန်ကုန်၊ ဇူလိုင်-၂၀ ။      ။ မြန်မာနိုင်ငံ၏ စစ်တပ်အကြီးအကဲက နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို လေးစားမည်ဖြစ်ကြောင်းနှင့် အကယ်၍ တောင်းဆိုလာခဲ့ပါက သူကိုယ်တိုင်လည်း သမ္မတဖြစ်လာနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

''ဘယ်သူပဲနိုင်နိုင် မျှမျှတတနိုင်ရင် ရလဒ်ကို လေးစားမှာပါ''ဟု အနောက်မီဒီယာတစ်ခုနှင့် ရှားရှားပါးပါး အင်တာဗျူးအဖြစ် ဇူလိုင်လ ၂၀ရက်နေ့က ဘီဘီစီနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

''ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကူညီသွားဖို့ သန္နိဌာန် ချမှတ်ထားပါတယ်''ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဆယ်စုနှစ်များအတွင်း အလွတ်လပ်ဆုံးဖြစ်မည်ဟု မျှော်လင့်ရသည့်အတွက် နိုဝင်ဘာ ဂရက်နေ့တွင် မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်မှာ မဲရုံများဆီသို့ သွားရောက်မဲထည့်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံမှာ အတိုက်အခံများကို ချေမှုန်းပစ်ပြီး၊ စီးပွားရေးကိုလည်း လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုသာ ချမ်းသာသွားသည့် အခြေအနေအထိ ဖျက်စီးပစ်ခဲ့သည့် ရက်စက်၊ အထီးကျန်၊ သံသယများသော စစ်အစိုးရလက်ထက်တွင် အဘက်ဘက်မှအောက် ကျနောက်ကျ ညှိုးငယ်နေခဲ့ရသည်။

၂၀၁၁ခုနှစ်တွင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသည့် အရပ်သားတစ်ပိုင်းအစိုးရကို စစ်တပ် ကနေရာပေး လာသောကြောင့် အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှုအများစုကို ဖယ်ရှားပေးလာခဲ့သည်။   

နိုဝင်ဘာရွေးကောက်ပွဲများမှာ နှစ်ပေါင်း အစိတ်ခန့်အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ် ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အကယ်၍ ရွေးကောက်ပွဲ များသာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတပါက NLD က အကြီးအကျယ်အနိုင်ရမည်ဟု မျှော်လင့်နေကြသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုးတက်မှုကို အကဲဖြတ်ခွင့်ရရှိမည်ဖြစ်သည်။

သို့ရာတွင် လွှတ်တော်တွင် အမတ်နေရာ ၂၅နေရာကို စစ်တပ်အတွက် ဆက်လက်ချန်လှပ်ထားဦးမည်ဖြစ်ရာ အတိုက်အခံက သိမ်းကြုံးအနိုင်ရရင်သော်မှ စစ်တပ်က နိုင်ငံရေးနယ်ပယ်တွင် ဆက်လက်သြဇာလွှမ်းမိုးနေဦးမည်သာဖြစ်သည်။  

သဘောထားကွဲလွဲသူများကို ဖိနှိပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၅နှစ်နီးပါး နေအိမ်အကျယ်ချုပ် ချထားခဲ့သည့် ယခင်စစ် အစိုးရလက်ထက်တွင် ရေးဆွဲခဲ့သည့် မြန်မာဖွဲ့စည်းပုံအခြေခံဥပဒေ၏ စောင့်ရှောက်သူအဖြစ် အခန်းကဏ္ဍကို စစ်တပ်က ရယူ ထားသည်ဟု လေ့လာသူများက ပြောကြားသဝည်။

NLDက စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချရေး ဖွဲ့စည်းပုံကိုပြောင်းလဲရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြား တွင် မွေးဖွားသည့် သားနှစ်ယောက်ရှိသောကြောင့် သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ဥပဒေပုဒ်မကိုလည်း ပယ်ဖျက်ပေးရန် ကြိုးစားနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းအနေဖြင့် ဖွဲ့စည်းပုံ အစိတ်အပိုင်းတစ်ချို့ ပြောင်းလဲမှုကို လမ်းဖွင့်ပေးထားကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ် အဆုံသတ်၍ ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း စစ်မှန်သော လုံခြုံမှုမရှိဘဲ ပြည်သူများကို ပြဿနာများနှင့် ထားရစ်ခဲ့၍ မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့ သည်။ 

အစိုးရ၊ စစ်တပ်နှင့် လက်နက်ကိုင်သူပုန်များကြား မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မတ်လက အပစ်ရပ်ရေး သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးပြီးနောက် မကြာသေးမီလများက ပျက်ပြားသွားခဲ့သည်။

သမ္မတတယဝန်  ထမ်းဆောင်ရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်နှစ် အငြိမ်းစားယူသည်အထိ စစ်တပ်အကြီးအကဲအဖြစ်သာ ဆက်ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သမ္မတရာထူး လက်ခံနိုင်ခြေကိုမူ ငြင်းဆန်သွားခဲ့ခြင်းမရှိပေ။

''လိုအပ်လာရင် နိုင်ငံအတွက် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားရမှာပါ။ ဒါဟာ ကျွန်တော်တို့ အမျိုးသားနိုင်ငံရေး ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ တကယ်လို့ ပြည်သူက ကျွန်တော့်ကို သမ္မတလုပ်ဖို့ တောင်းဆိုလာရင် အဲဒီအချိန်ကျမှပဲ ဆုံးဖြတ်မှာပါ'' ဟု ၎င်းက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly