စံချိန်တင်လေလံ ဒေါ်လာ၂၂သန်းစျေး ရရှိခဲ့တဲ့ တရုတ်အင်ပါယာ တံဆိပ်တုံး

စံချိန်တင်လေလံ ဒေါ်လာ၂၂သန်းစျေး ရရှိခဲ့တဲ့ တရုတ်အင်ပါယာ တံဆိပ်တုံး

၁၈ရာစုနှစ်က တရုတ်အင်ပါယာတံဆိပ်တုံးဟာ မျှော်လင့်ထားသည့်ခန့်မှန်းစျေးထက် အဆ ၂၀ကျော်ခဲ့ကာ စံချိန်တင် လေလံစျေးအဖြစ် ဒေါ်လာ ၂၂သန်းနှင့် ရောင်းချနိုင်ခဲ့ပါသည်။

အမည်မဖော်ပြထားသော တရုတ်လူမျိုးစုဆောင်းသူတစ်ဦး ရောင်းချတဲ့ အဆိုပါပစ္စည်းကို ဗုဒ္ဓဟူးနေ့တုန်းက ပဲရစ် မှာရောင်းချခဲ့ပြီး လေလံစျေးများ အပြိုင်အဆိုင်ပေးခဲ့ကြောင်း လေလံပွဲကျင်းပသည့် Drouot မှပြောခဲ့ပါ သည်။

လက်တစ်ဝါးအရွယ်ရှိ တံဆိပ်တုံးဟာ အနီရောင်နှင့်အဖြူရောင်တွင်းထွက် သတ္တုကျောက်တုံးဖြင့် ပြုလုပ်ထားပါ သည်။ တံဆိပ်တုံးဟာ တရုတ်ပြည်ရဲ့ သက်တမ်းအရှည်ကြာဆုံး ဧကရာဇ်ကြီး Qianlong ပိုင်ဆိုင်သောရာနဲ့ချီတဲ့ တန်ဖိုးရှိပစ္စည်းများထဲမှ တစ်ခုဖြစ်ပါသည်။

လွန်ခဲ့သော ၂၀၁၁ခုနှစ်တုန်းကလည်း တံဆိပ်တုံးတစ်ခုကိုလေလံတင်ခဲ့ပြီး ယူရို၁၄သန်းဖြင့် စံချိန်တင်နိုင်ခဲ့ပါ သည်။ နောက်ဆုံးရောင်းချခဲ့ရတဲ့ တံဆိပ်တုံးကို ပြင်သစ်လူမျိုးခရီးသွား လူငယ်ဆရာဝန်တစ်ဦးက တရုတ်ပြည်ကို ၁၉ရာစုနှစ်တွင် အလည်ရောက်ရှိလာရင်း ရရှိခဲ့ကာ ထိုကတည်းက မိသားစုအဆက်ဆက် ထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်ဟု လေလံပွဲကျင်းပသည့် Drouot မှပြောခဲ့ပါသည်။

အာရှအနုပညာကျွမ်းကျင်သူ Alice Jossaume ကတော့ အဆိုပါတံဆိပ်တုံးကို ယူရို ၈သိန်း နှင့် တစ်သန်းကြား မှာသာစျေးရရှိနိုင်မည်ဟု ခန့်မှန်းထားခဲ့ကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly